Connect with us
Economy
ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ အောင်မြင်မှုအဓိကသော့ချက်များ
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၁၃ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative – BRI) က အာရှတိုက်နှင့် ဥရောပ၊ အာဖရိကတို့အပြင် ထို့ထက် ဝေးလံသောဒေသများသို့တိုင် ကုန်သွယ်ရေးနှင့်အခြေခံအဆောက်အအုံကွန်ယက်တစ်ခုတည်ဆောက်ကာ ဆက်သွယ်သွားရန်ရည်မှန်းထားသည်ကိုလေ့လာတွေ့ရှိကြရပေမည်။
နှစ်အတန်ကြာ မဆုတ်မနစ်မရပ်မနားအားထုတ်မှုများပြုလုပ်ခဲ့ပြီးနောက်တွင်မူကား ပိုးလမ်းမစီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမကြီးတို့ ပါဝင်သော ခေတ်သစ်ပိုးလမ်းမကြီးသည် အောင်မြင်တိုးတက်မှုများစွာရရှိလာခဲ့ပြီဖြစ်သည်။ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော Belt and Road Portal ၏ ထုတ်ပြန်ချက်များအရ လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ရရှိခဲ့သော အောင်မြင်တိုးတက်မှုများအပေါ်တွင် အဓိကသော့ချက်များအဖြစ် အောက်ပါတို့ကိုတွေ့ရပေမည်။
နိုင်ငံတကာလွှမ်းမိုးပါဝင်မှုတိုးတက်လာခြင်း
ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် နိုင်ငံတကာလွှမ်းမိုးပါဝင်မှုကလည်း ၂၀၁၃ ခုနှစ်မှစ၍ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ၂၀၁၈ ခုနှစ် တစ်နှစ်ထဲတွင်ပင် နယူးဇီလန်၊ သြစတြီးယား၊ ကာဇက်စတန်နှင့် တောင်အာဖရိကတို့အပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်က ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု၌ ထပ်မံပူးပေါင်းပါဝင်လာခဲ့ကြသည်။
၂၀၁၈ ခုနှစ်အကုန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအတွက် နိုင်ငံ ၁၂၂ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၂၉ ခုတို့ဖြင့် အစိုးရများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များကို ချုပ်ဆိုခဲ့ပြီးဖြစ်သည်ကိုတွေ့ရသည်။
ကမ္ဘာ့နိုင်ငံအများအပြားနှင့် ဒေသများကလည်း ဥရောပသမဂ္ဂ၏ Junker Investment Plan၊ ရုရှားဦး ဆောင်သော ယူရေးရှင်းစီးပွားရေးသမဂ္ဂ၏အစီအစဉ်၊ မွန်ဂိုလီးယား၏ Prairie Road အစီအစဉ်နှင့် ကာဇက်စတန်နိုင်ငံ၏ Nurly Zhol (Bright Path) အစီအစဉ်တို့ကဲ့သို့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များဖြင့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုကို ကောင်းစွာချိတ်ဆက်မိကြပြီဖြစ်ကြောင်းတွေ့ရှိရပေသည်။
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ ရှိ လိုးတပ်စ်မျှော်စင်အား အလုပ်သမားများက ၂၀၁၉ခုနှစ် ဧပြီ ၁၀ ရက်တွင် သန့်ရှင်းနေစဉ်။ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောင်အာရှတွင် အမြင့်ဆုံး ရုပ်သံမျှော်စင်အား တည်ဆောက်ရန် China National Electronics Import and Export Corporation (CEIEC) က ကန်ထရိုက်တာအဖြစ်ဆောင်ရွက်၍ ၂၀၁၂ခုနှစ်တွင် လိုးတပ်စ်မျှော်စင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါမျှော်စင်စီမံကိန်းသည် ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် ပြီးဆုံးမည်ဖြစ်ပြီး ထို့နောက် လိုးတပ်စ်မျှော်စင်အား ရုပ်သံလိုင်းအတွက်သာမက ဟိုတယ်၊ ဈေးဝယ်စင်တာ နှင့် ကွန်ဖရင့်စင်တာအဖြစ်ပါ အသုံးပြုသွားမည်ဖြစ်သည်။ (Xinhua/Guo Lei)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့ဘက် ၄၅ ကီလိုမီတာ အကွာခန့် အုပ်ချုပ်ရေးဆိုင်ရာ မြို့တော်အဖြစ် အဆိုပြုထားသောမြို့ (New Administrative Capital) ရှိ ၃၈၅ မီတာ မြင့်သော အထင်ကရမျှော်စင်၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ၂၀၁၉ ခုနှစ် မတ် ၁၂ ရက် က တွေ့ရစဉ်။ အဆိုပါမျှော်စင်အား China State Construction Engineering Corporation (CSCEC) ကဆောက်လုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက အဆိုတင်သွင်းသော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု အတွက် မှတ်ကျောက်တင်စေသည့် စီမံကိန်းတစ်ခုဖြစ်သည်။ (Xinhua/Wu Huiwo)
အခြေခံအဆောက်အအုံတည်ဆောက်မှု တိုးမြင့်လာခြင်း
ခေတ်သစ်ပိုးလမ်းမကြီးဖြတ်သန်းတည်ရှိရာ လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများတွင်လည်း ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ အဝေးပြေးကားလမ်းမများ၊ လျှပ်စစ်ဓါတ်အားပေးရေးစနစ်များ၊ လေကြောင်းလိုင်းများနှင့်ဆက် သွယ်ရေးများစသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာအဆင့်မြှင့်တင်ကာ မျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်သော တိုးတက်မှုများကိုရရှိခဲ့သည်။
သင်္ဘောဆိပ်ကမ်းများကခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ အခြားနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကိုအခြားသော ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများထက် ပိုမိုချိတ်ဆက်မိစေသည်ကိုလည်းတွေ့ရပေသည်။ ယခုအခါတရုတ်နိုင်ငံအနေဖြင့် ၎င်း၏ဆိပ်ကမ်းမြို့များအားနိုင်ငံပေါင်း ၂၀၀ ကျော်နှင့် အဓိကဆိပ်ကမ်းမြို့ပေါင်း ၆၀၀ ခန့်တို့နှင့် သင်္ဘောလမ်းကြောင်းများဆက်သွယ်မိစေကာ ရေကြောင်းလမ်းဆက်သွယ်မှု၌ကမ္ဘာ့ ပထမနေရာတွင်ရပ်တည်နေပြီဖြစ်သည်။
ထို့ပြင် ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဥရောပသို့ပြေးဆွဲသော ကုန်ရထားခရီးစဉ်အရေအတွက် ၁၂,၀၀၀ ကျော်ရှိသည်အထိ ရထားလမ်းချိတ်ဆက်မှုများကိုလည်း တစ်ဟုန်ထိုးတိုးတက်လာစေခဲ့ရာ နှစ်စဉ်ကုန် စည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံထိ ရှိလာသည်။ ၎င်းက ၂၀၁၁ ခုနှစ်အတွင်းက ရထားလမ်းခရီးစဉ် ၁၇ ခုနှင့် ကုန်စည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ အောက် သာရှိရာမှ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်းလည်းနှိုင်းယှဉ်တွေ့ရှိရပေသည်။
ကုန်သွယ်မှုများပြားလာခြင်းကြောင့် အလုပ်အကိုင်ပေါများလာခြင်း
တရုတ်နိုင်ငံ နှင့် အခြားသော ခေတ်သစ်ပိုးလမ်းမကြီးနိုင်ငံများအကြား စုစုပေါင်း ကုန်သွယ်မှုသည် ၂၀၁၃-၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၄၇ ထရီလီယံအထိ ရှိခဲ့သည်။
နိုင်ငံရပ်ခြားစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဇုန် ၈၀ ကျော်ကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၄၄,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့သည်။
အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံ က အခြား ခေတ်သစ်ပိုးလမ်းမကြီးနိုင်ငံများအပေါ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော်အထိ ရှိခဲ့သည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့ဘက် ၄၅ ကီလိုမီတာ အကွာခန့် အုပ်ချုပ်ရေးဆိုင်ရာ မြို့တော်အဖြစ် အဆိုပြုထားသောမြို့ (New Administrative Capital) ရှိ ၃၈၅ မီတာ မြင့်သော အထင်ကရမျှော်စင်၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ၂၀၁၉ ခုနှစ် မတ် ၁၂ ရက် က တွေ့ရစဉ်။ အဆိုပါမျှော်စင်အား China State Construction Engineering Corporation (CSCEC) ကဆောက်လုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက အဆိုတင်သွင်းသော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု အတွက် မှတ်ကျောက်တင်စေသည့် စီမံကိန်းတစ်ခုဖြစ်သည်။ (Xinhua/Wu Huiwo)
ငွေကြေးကဏ္ဍတိုးတက်အောင်ဆောင်ရွက်ခြင်း
ဖွွံ့ဖြိုးတိုးတက်မှုနှင့် မူဝါဒအခြေပြု ငွေကြေးထောက်ပံ့မှုသည် လွန်ခဲ့သော ၅ နှစ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီးဖွံ့ဖြိုးတိုးတက်မှုအတွက်ထောက်ပံ့မှုကို အရှိန်မြင့်စေပြီး နိုင်ငံပေါင်းစုံနှင့် နှစ်နိုင်ငံ ပါဝင်သော ငွေကြေးစနစ်နှင့် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများကို လျင်မြန်စွာချဲ့ထွင်နိုင်ခဲ့သည်။
ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ပေကျင်းမြို့ အခြေစိုက် နိုင်ငံပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုဘဏ် တစ်ခုဖြစ်သော အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ အဖွဲ့ဝင် အရေအတွက်အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်တွင် ပါဝင်နေသည်။
တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံဖြင့် အစပြုခဲ့သော ပိုးလမ်းမကြီးရန်ပုံငွေအား နောက်ပိုင်းတွင် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းများအား ထောက်ပံ့ရန်အတွက် တရုတ်ယွမ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်) ထပ်ပေါင်းခဲ့ပြီး စီမံကိန်း ၁၉ ခုအတွက် ငွေကြေးထောက်ပံ့ရန် စာချုပ်များချုပ်ဆိုခဲ့သည်။
ပြည်သူအချင်းချင်း ဖလှယ်မှု
၂၀၁၈ ခုနှစ် ဧပြီလကုန်တွင် တရုတ်နိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံပေါင်း ၆၁ နိုင်ငံအကြား ညီအမမြို့များအဖြစ် ၁,၀၂၃ စုံတွဲမြို့များအား တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြားတည်ထောင်ခဲ့သည့် ညီအမမြို့ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားများသည် တရုတ်နိုင်ငံနှင့် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအကြား ခရီးစဉ်ပေါင်း သန်း ၆၀ ခု သွားလာခဲ့ကြပြီး ၂၀၁၂ ခုနှစ်ကထက် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အရေအတွက်သည် ၂.၆ ဆ နှင့် တရုတ်နိုင်ငံသို့ လာရောက်သည့် ခရီးသွားဧည့်သည် ၂.၃ ဆ အသီးသီးမြင့်တက်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းအတွက် ကြီးထွားတိုးတက်မှုအရင်းအမြစ်သစ်ဖြစ်လာခဲ့သည်။ (Xinhua)