Economy
တရုတ်နိုင်ငံတွင် ဗောက်စ်ဝက်ဂွန်က လျှပ်စစ်ကားစီးရေ ပိုမို ထုတ်လုပ်မည်
ထျန်းကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ၎င်းတို့၏ လျှပ်စစ်ကား ထုတ်လုပ်မှုအား ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း လျှပ်စစ်ကား နှစ်သန်းမှ သုံးသန်း ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် လာမည့် ၁၀ နှစ် အတွင်း ၎င်း၏ လျှပ်စစ်ကား မော်ဒယ် ၃၀ ကျော် ချဲ့ထွင်သွားမည်ဟု ကား ထုတ်လုပ်သူများက ပြောသည်။
တရုတ်နိုင်ငံတွင် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီသည် မော်တော်ယာဉ် ဝန်ဆောင်မှု လုပ်ငန်း အပါအဝင် ထုတ်လုပ်မှု လုပ်ငန်းများ ဆက်လက် ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)