Connect with us

Economy

တရုတ်နိုင်ငံတွင် သဘာဝဘေးသက်သာလျော့ပါးရေးအတွက် ယွမ် သန်း ၈၃၀ ခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဖူနန်ခရိုင်ရှိ Zhengtaizi ရေကာတာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရေဘေးသင့်ဒေသများ၌ ရေအရင်းအမြစ်နှင့် စိုက်ပျိုးရေးထုတ်လုပ်မှု အခြေခံ အဆောက်အအုံများ ပြန်လည်ထိန်းသိမ်းရန်အတွက် ဗဟိုဘတ်ဂျက်မှ ယွမ် သန်း ၈၃၀ (အမေရိကန်ဒေါ်လာ ၁၁၉.၀၅ သန်း) ကို ချမှတ်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

အဆိုပါ ရန်ပုံငွေများအား ကျန်းရှီးနှင့် ဟူပေ ပြည်နယ်များ အပါအဝင် ပြည်နယ်ဆိုင်ရာဒေသ ၁၂ ခု၌ သဘာဝဘေးအလွန် ပြန်လည်နာလန်ထူရန်နှင့် ထုတ်လုပ်ရေးနှင့် လူနေမှုအစီအစဉ်များ ပြန်လည်ထိန်းသိမ်းရန်အတွက် ခွဲဝေအသုံးပြုခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ 

ယခုနှစ်၏ ဗဟိုရန်ပုံငွေအား ရေဘေးသင့်ဒေသများရှိ ရေအရင်းအမြစ်နှင့် စိုက်ပျိုးရေးထုတ်လုပ်မှု အဆောက်အအုံများ ပြန်လည်ထိန်းသိမ်းရန်အတွက် ယွမ် ၁ ဒသမ ၂၉ ဘီလီယံ အသုံးပြုရန် ကြိုတင်လျာထားခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ 

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဒေသအတော်များများတွင် ဇွန်လကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယင်းဒေသအတွင်းရှိ မြစ်များစွာ၌ မြစ်ရေချိန်မှာ သတိပေးအဆင့်ကို ကျော်လွန်လျက်ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.