Economy
သမ္မတရှီကျင့်ဖိန်က နိုင်ငံအားလုံးအတွက် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ပြောကြား

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု နှင့် အကျိုးအမြတ်များမျှဝေခံစားမှု ဖြစ်စေမည့် စည်းမျဉ်းစည်းကမ်းကို နိုင်ငံအားလုံးအနေဖြင့် ဆုပ်ကိုင်ထားသင့်ကြောင်း ယနေ့နိုဝင်ဘာ ၅ ရက်တွင်ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။(Xinhua)