Economy
Airbus ၏ လေယာဉ်သစ် A350 XWB တရုတ်သို့ ပထမဆုံး သရုပ်ပြ ခရီးစဉ် ပျံသန်းမည်

ပဲရစ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
လေယာဉ်ထုတ်လုပ်မှု ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Airbus ကုမ္ပဏီ က ကမ္ဘာအသစ်ဆုံး Airbus A350XWB လေယာဉ်သည် တရုတ်နိုင်ငံသို့ ဇွန်လ ၂၅ မှ ဇူလိုင်လ ၂ ရက်အတွင်း ၎င်း၏ ပထမဆုံး သရုပ်ပြခရီးစဉ် အဖြစ် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း ယင်းစမ်းသပ်လေယာဉ်သည် တရုတ်နိုင်ငံရှိ မြို့များ ဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဟိုင်ခို နှင့် ချန်ဒူးမြို့များသို့ ပျံသန်းသွားမည် ဖြစ်သည်။
တရုတ်နိုင်ငံသည့် လေကြောင်း ပို့ဆောင်ရေး အတွက် လျင်မြန်စွာ ကြီးထွားနေသော ဈေးကွက်များထဲ အနက် တစ်ခု ဖြစ်ကြောင်း Airbus က ပြောသည်။
Airbus A350XWB ၏ လေယာဉ် ကိုယ်ထည် ၅ ရာခိုင်နှုန်းအား တရုတ်နိုင်ငံတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး A350XWB လေယာဉ်သည် Airbus နှင့် တရုတ် လေကြောင်း လုပ်ငန်း အကြား မဟာဗျူဟာမြောက် လုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သင်္ကေတ တစ်ခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်၏ Business class တွင် ထိုင်ခုံ ၄၂ ခုံပါဝင်ပြီး Economy class တွင် ထိုင်ခုံပေါင်း ၂၁၀ ပါဝင်ကြောင်းနှင့် လေယာဉ် ပျံသန်းမှုအား Airbus ကုမ္ပဏီမှ ဝန်ထမ်းများက လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယနေ့အထိ Airbus ကုမ္ပဏီသည် A350XWB လေယာဉ် ထုတ်လုပ်ပေးရန် ကမ္ဘာအနှံ့ရှိ ဝယ်ယူသူ ၄၂ ဦး ထံမှ အမှာစာ အစီး ၈၀၀ ခန့် ရရှိထားကြောင်း သိရသည်။ (Xinhua)