Connect with us

Economy

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၂၀၁၈ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)သို့ ပါဝင်တက်ရောက်ခြင်းသည် လေးနက်သည့်အဓိပ္ပါယ်ကိုဖော်ဆောင်ကြောင်း ဝမ်ရိက ဆို

၂၀၁၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)ဖွင့်ပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖိန် တက်ရောက်အမှာစကားပြောကြားစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ဧပြီလ ၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၁၈ ခုနှစ်သည် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ဝါဒ ကျင့်သုံးလာသော နှစ် ၄၀ ပြည့်နှစ်ဖြစ်ကြောင်း၊ ယခုလို သမိုင်းတင်ဖွယ်အရေးကြီးသည့်အခါသမယတွင် ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)သို့ သမ္မတ ရှီကျင့်ဖိန် ပါဝင်တက်ရောက်ခြင်းမှာ ခေတ်သစ် တရုတ်နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများကို ထဲထဲဝင်ဝင်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်သလို အာရှသာမက လူသားများ၏ကံကြမ္မာတူအကျိုးတူဘ၀ တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းဖြစ်ပြီး လူသားများ၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းလည်းဖြစ်သောကြောင့် လေးနက်သည့်အဓိပ္ပါယ်ဖော်ဆောင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဘိုအော်ဖိုရမ်((Boao Forum for Asia)သည် ယခုနှစ်အတွင်း ကျင်းပသည့် ပထမဦးဆုံး အရေးကြီး သည့်ပွဲကြီးဖြစ်ကြောင်း ၊ ဤဖိုရမ်တွင် ပြုပြင်ပြောင်းလဲရေးတံခါးဝါဒကျင့်သုံးသည့် အလားအလာသစ်များ နှင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ ခေတ်သစ်ဆောင်ရွက်ချက်များကို ရှင်းလင်းပြသခြင်း၊ အနာဂတ်သစ်အတွက် လက်တွဲ တည်ဆောက်ရေး အကြံပြုချက်များကို ထုတ်ဖော်ပြောကြားခြင်း၊ မိတ်ဖက်ဆက်ဆံရေး ရလဒ်သစ်များ ရရှိအောင် ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.