Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ပနိုင်ငံမှ ခေါင်းဆောင်များ CIIE ပြခန်းများသို့ လှည့်လည်ကြည့်ရှု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များ ဒုတိယအကြိမ်မြောက် #တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ပြခန်းများသို့ လှည့်လှည်ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်လာသည့် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ပြပွဲဖွင့်ပွဲအခမ်းအနားပြီးနောက် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များသည် တရုတ်၊ တန်ဇန်းနီးယား၊ ဂရိ၊ အီတလီ၊ ဂျမေကာ၊ အင်ဒိုနီးရှားနှင့် ရုရှား နိုင်ငံများမှ ပြခန်းခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

နိုင်ငံတစ်နိုင်ငံချင်းစီမှ အထူးထုတ်ကုန်များတွင် သက်ဆိုင်ရာနိုင်ငံ၏ ကိုယ်ပိုင်ယှဉ်ပြိုင်နိုင်မှု ရှိကြကြောင်း၊ ပြပွဲသို့ တက်ရောက်လာသည့် နိုင်ငံများအားလုံးအနေဖြင့် တရုတ်ပြည်သူများ၏ဆန္ဒများနှင့် ပိုမိုကိုက်ညီစေရေး ၎င်းတို့၏ ထုတ်ကုန်များ မြှင့်တင်မှုအပေါ် တွန်းအားဖြစ်စေမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် ခေါင်းဆောင်များသည် တရုတ်တိုင်ပေ၊ မကာအိုနှင့် ဟောင်ကောင်တို့၏ ပြခန်းများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua)