Connect with us

Economy

ချုံချင့်မြို့ လန်ဆွေမြို့နယ်လေးတွင် ဂေဟခရီးသွားကဏ္ဍက ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေး

တရုတ်နိုင်ငံ ချုံချင့်မြို့ စီကျုခရိုင် လန်ဆွေမြို့နယ် အနီးတစ်ဝိုက် ရှုခင်းများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချုံချင့်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ စီကျု ထူကျားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လန်ဆွေမြို့နယ်လေးသည် ချုံချင့်မြို့နှင့် ဟူပေပြည်နယ်ဆက်စပ်ရာ ဝူလျင်တောင်တန်းဒေသတွင် တည်ရှိပြီး ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့် ၁,၄၀၀ မီတာ၊ သစ်တောဖုံးလွှမ်းမှု ၈၅ ရာခိုင်နှုန်းရှိရာ ဂေဟအရင်းအမြစ် ပေါကြွယ်ဝပေသည်။

တရုတ်နိုင်ငံ ချုံချင့်မြို့ စီကျုခရိုင် လန်ဆွေမြို့နယ်ရှိ “လန်ဆွေ ဖုန်းကူ အပန်းဖြေစခန်း” ရှုခင်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်များတွင် လန်ဆွေမြို့နယ်သည် သဘာဝ၏အားသာချက်နှင့် G50 ရှန်ဟိုင်း-ချုံချင့် အမြန်လမ်းနှင့် ကပ်လျက်တည်ရှိသော လမ်းပန်းဆက်သွယ်ရေးအားသာချက်ဖြင့် “လမ်းပန်းဆက်သွယ်ရေး + ဂေဟ + ခရီးသွားလာရေး” ပေါင်းစည်း ဖွံ့ဖြိုးတိုးတက်သောပုံစံကို ဆန်းသစ်ဖန်တီးခဲ့ရာ ကြယ်ရောင်ကောင်းကင်မြင်ကွင်း နေအိမ်များ၊ သစ်တောနေအိမ်များ၊ လေ့ကျင့်ခန်းလျှောက်လမ်းများ စသည့် အဆောက်အဦများအား တစ်သားတည်း ပေါင်းစပ်ထားသော “လန်ဆွေဖုန်းကူအပန်းဖြေစခန်း” ကို တည်ဆောက်ခဲ့သည်။ ထိုသို့ ထူးခြားသော နေအိမ်တည်းခိုခန်းများ၊ အပန်းဖြေခရီးသွားလည်ပတ်ကြည့်ရှုမှု စသည့် လုပ်ငန်းအနေအထား ဖြစ်တည်လာခြင်းက ကျေးလက်တောရွာအရင်းအမြစ်များကို ထိရောက်စွာ နိုးကြားစေခဲ့ရာ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်တွန်းအားများ စဉ်ဆက်မပြတ် ဖြည့်တင်းပေးလျက်ရှိပေသည်။ (Xinhua)
——————————
(Chinese Version)
重庆冷水镇:生态旅游助力乡村振兴
新华社照片,重庆,2025年12月14日
重庆市石柱土家族自治县冷水镇地处渝鄂交界的武陵山区,平均海拔约1400米,森林覆盖率85%,生态资源丰富。近年来,冷水镇依托自然禀赋与紧邻G50沪渝高速的交通优势,创新“交通+生态+旅游”融合发展模式,打造集星空小屋、森林书屋、有氧步道等设施于一体的“冷水风谷休闲度假营地”,构建起特色民宿、休闲观光等业态,有效盘活乡村资源,持续为乡村振兴注入绿色动能。
1. 这是12月14日拍摄的石柱县冷水镇周边景色(无人机照片)。新华社记者 唐奕 摄
2. 这是12月13日在石柱县冷水镇拍摄的穿行于山间的高速公路(无人机照片)。新华社记者 唐奕 摄
3. 这是12月13日拍摄的石柱县冷水镇“冷水风谷休闲度假营地”景色(无人机照片)。 新华社记者 唐奕 摄