Connect with us

Economy

တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးအဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်မှု အသစ်များ မိတ်ဆက်

တရုတ်နိုင်ငံ အ‌ရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ တရုတ်နိုင်ငံနယ်စပ်ဖြတ်ကျော် E-commerce ကုန်စည်ပြပွဲတွင် ဝါးနှင့် သစ်သားထုတ်ကုန်များအကြောင်းလေ့လာနေသည့် လာရောက်လည်ပတ်သူများကို ၂၀၂၃ ခုနစ် မတ် ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
နိုင်ငံခြားကုန်သွယ်ရေးဖွံဖြိုးမှုတည်ငြိမ်စေရေးကိုရည်ရွယ်လျက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး‌၌ ငွေလက်ခံခြင်း၊ ပေးချေခြင်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရန် စီမံဆောင်ရွက်မှုအသစ်များမိတ်ဆက်ထားသည့် ကြေညာချက်တစ်ရပ်ကို တရုတ်နိုင်ငံနိုင်ငံခြားငွေလဲလှယ်ရေးကြီးကြပ်မှုအဖွဲ့က အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။စီးပွားရေးပုံစံများအရ ချေးငွေနှင့် ဆက်စပ်ဝန်ဆောင်ခအမျိုးမျိုးအတွက် အတည်ပြုငွေလွှဲခြင်း လုပ်ဆောင်ချက်များချဲ့ထွင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ငွေလွှဲအကြိမ်ရေနှင့် ကုန်ကျစရိတ်လျှော့ချခဲ့ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုဌာန (SAFE) အဆိုအရ သိရသည်။

နိုင်ငံခြားကုန်သွယ်ရေး၏ အဓိကအထောက်အပံ့ဖြစ်လာနေသည့် လျင်မြန်စွာကြီးထွားနေသောနယ်စပ်ဖြတ်ကျော် e-commerce ကဲ့သို့ ကုန်သွယ်ရေးပုံစံသစ်များကိုလည်း ၎င်းတို့က ရည်ရွယ်ကြောင်း သိရသည်။
ကုန်သွယ်ရေးဝန်ဆောင်မှု၌ စီမံဆောင်ရွက်မှုများသည် ကြိုတင်ငွေပေးချေ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းစဥ်များရိုးရှင်းပြီး ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်‌ခကိုလည်း ငွေသားပေးချေမှုများတွင် ဘဏ်များတွင် တိုက်ရိုက်ဆောင်ရွက်ခွင့်ပြုကြောင်း သိရသည်။
စာချုပ်ချုပ်ထားသည့် အင်ဂျင်နီယာလုပ်ငန်းများအနေဖြင့် နိုင်ငံနှင့်ဒေသမျိုးစုံရှိ စီမံကိန်းများအတွက် နိုင်ငံခြားရန်ပုံငွေများကိုဗဟိုမှစီမံရန်ခွင့်ပြုပြီး  ရန်ပုံငွေခွဲဝေသုံးစွဲရာတွင်လိုက်ဖက်ညီမှုအား တိုးတက်စေသည်။
အဆိုပါစီမံဆောင်ရွက်မှုများသည် “ပိုမိုယုံကြည်စိတ်ချရသော၊ ပို၍အဆင်ပြေသော” နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒမူဘောင်တစ်ခုတည်ထောင်ရန် SAFE ၏ ဆက်လက်လုပ်‌ဆောင်နေမှုများအပေါ် တိုးတက်စေမည်ဖြစ်သည်။SAFE သည် ၂၀၂၂ ခုနှစ်တွင် စံနှုန်းမြင့်မားသည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဖွင့်လှစ်မှု ရှေ့ပြေးအစီအစဥ်တစ်ရပ် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိဒေသပေါင်း ၁၁ ခုသို့ ချဲ့ထွင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)
……….
(English Version)
China unveils new measures to facilitate cross-border trade
BEIJING, Oct. 29 (Xinhua) — China’s foreign exchange regulator on Wednesday issued a notice introducing a package of new measures to further facilitate cross-border trade receipts and payments and enhance foreign exchange services, aiming to stabilize the development of foreign trade.
In terms of business types, the measures broaden netting settlement varieties for loans and related services fees, lowering the frequency and cost of cross-border remittances, according to the State Administration of Foreign Exchange (SAFE).
They also target the rapid growth of new trade models such as cross-border e-commerce, which has become a vital support for foreign trade.
For trade in services, the measures simplify procedures for advance-payment businesses, allowing the direct handling of monetary payments for goods transportation and storage, as well as maintenance fees at banks.
They also permit contracting engineering enterprises to manage overseas funds centrally for projects across multiple countries or regions, improving fund allocation flexibility.
These measures build on SAFE’s continued efforts to construct a “more credible, more convenient” foreign exchange policy framework.
The SAFE launched a pilot program for the high-standard opening-up of cross-border trade in 2022, which has been expanded to 11 regions in the country.
Photo : Visitors learn about bamboo and wood products at the 2023 China Cross-border E-commerce Trade Fair in Fuzhou, southeast China’s Fujian Province, March 18, 2023. (Xinhua/Lin Shanchuan)