Connect with us

Economy

တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းက ပေကျင်းမြို့နှင့် အိုမန်နိုင်ငံ မက်စ်ကတ်မြို့အကြား တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမည်

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်သို့ဆိုက်ရောက်လာသည့် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း၏ C919 ဂျက်လေယာဥ် တစ်စင်းကို ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့နှင့် အိုမန်နိုင်ငံ၏မြို့တော်မက်စ်ကတ်မြို့အကြား ချိတ်ဆက်ပေး မည့် ခရီးသည်တင် တိုက်ရိုက်လေကြောင်းခရီးစဥ်တစ်ခုကို နိုဝင်ဘာ ၃၀ ရက်မှစတင်ပြေးဆွဲမည်ဖြစ် ကြောင်း ပေကျင်း Daxing နိုင်ငံတကာလေဆိပ် (BDIA) ၏ထုတ်ပြန်မှုအရသိရသည်။တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း (CEA)က ကိုယ်ထည်ကျယ်ဝန်းသည့် အဲဘတ်စ် A330 လေယာဉ်ဖြင့် သီတင်းတစ်ပတ်လျှင်နှစ်ကြိမ်၊ ဗုဒ္ဓဟူးနှင့်တနင်္ဂနွေနေ့များတွင် MU2051၊ MU2052 ခရီးစဥ်များအဖြစ် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ အသွားခရီးစဥ်အဖြစ် BDIA မှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မက်စ်ကတ်နိုင်ငံတကာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း၅၅ နာရီတွင်ရောက်ရှိမည်ဖြစ်သည်။ တရုတ်နိုင်ငံသို့အပြန်ခရီးစဥ်အဖြစ် မက်စ်ကတ်မှဒေသစံတော်ချိန် ည ၉း၅၅ နာရီအချိန်တွင် ပြန်လည်ထွက်ခွာလာမည်ဖြစ်ပြီး BDIA သို့ နောက်တစ်နေ့ ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိမည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အိုမန်နိုင်ငံအကြားတွင် အစဉ်အလာအားဖြင့် နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှု ရှိခဲ့သလို မကြာသေးမီနှစ်များအတွင်းကလည်း နှစ်ဖက်စလုံးတွင် စီးပွားရေး၊ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုများကို ပိုမိုနီးကပ်စွာလုပ်ဆောင်ခဲ့ကြခြင်းများအား မြင်တွေ့ ခဲ့ကြရသည်။
၂၀၂၅ ခုနှစ် မေလတွင် တရုတ်နိုင်ငံက ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ရေးမူဝါဒတစ်ခုကို စမ်းသပ်မိတ်ဆက်ကျင့်သုံးခဲ့သည်။

အဆိုပါနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၈ ရက် အထိ တရုတ်နိုင်ငံသို့ ဗီဇာမလိုဘဲဝင်ရောက်နိုင်ကာ ရက် ၃၀ ကြာ နေထိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလာမှု၊ မိသားစုလည်ပတ်မှု၊ အပြန်အလှန်ဖလှယ်မှု သို့မဟုတ် ခရီးစဥ်အကူးအပြောင်းများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပေကျင်း-မက်စ်ကတ် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပေးခြင်းအားဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သလို လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခိုင်မာသည့် တွန်းအားတစ်ခုအဖြစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း BDIA ၏ ပြောကြားမှုအရ သိရသည်။ (Xinhua)
————————————–
(English Version)
China Eastern Airlines to launch direct flight route between Beijing, Oman’s Muscat
BEIJING, Nov. 16 (Xinhua)
A direct air passenger route connecting Beijing and Muscat, Oman, will be launched on Nov. 30, according to Beijing Daxing International Airport (BDIA).
China Eastern Airlines will operate the MU2051/MU2052 flights with an Airbus A330 wide-body aircraft twice a week, on Wednesdays and Sundays.
The outbound flight will depart from BDIA at 2 p.m. Beijing Time and arrive at Muscat International Airport at 7:55 p.m. local time. The return trip will depart Muscat at 9:55 p.m. local time and arrive at BDIA at 10 a.m. the next day, Beijing Time.
China and Oman have a deep traditional friendship, and in recent years, the two sides have seen closer economic and trade cooperation and cultural exchanges.
In May this year, China introduced a trial visa-free policy for ordinary passport holders of Saudi Arabia, Oman, Kuwait, and Bahrain. From June 9, 2025, to June 8, 2026, they can enter China without a visa for stays of up to 30 days, provided that the purpose is business, tourism, family visits, exchanges or transit.
The launch of this direct flight route will further promote exchanges between the two countries and provide a strong impetus to practical cooperation and the further development of bilateral relations, according to the airport. ■
Photo:
A C919 jetliner of the China Eastern Airlines arrives at the Hong Kong International Airport in Hong Kong, south China, June 1, 2024. (Xinhua/Chen Duo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.