Economy
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း (FTP) ၏ တားမြစ်ထားသော ပို့ကုန်၊ သွင်းကုန်များစာရင်းက ပွင့်လင်းမြင်သာရှိမှုကို မြှင့်တင်ပေး

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း (FTP) ၌ ကန့်သတ်တားမြစ်ထားသော သွင်းကုန်၊ ပို့ကုန်များနှင့် ပစ္စည်းအမျိုးအစားစာရင်းထုတ်ပြန်မှုမှာ ဟိုင်နန်ပြည်နယ်၏ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုအပေါ် စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တံခါးဖွင့်လှစ်မှုတို့ကို ကြီးကြီးမားမား မြှင့်တင်ပေးခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူ ကျန်ကျစ်ကျွင်း က ပြောကြားခဲ့သည်။ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ပါဝင်ဆွေးနွေးရာ၌ ကျန် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပွင့်လင်းမြင်သာမှုနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ ကျန် က ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ စုစည်းထုတ်ပြန်ခဲ့သည့် အဆိုပါစာရင်း၌ နိုင်ငံတော်အဆင့် တည်ဆဲ ကန့်သတ်တားမြစ်ချက်များနှင့် အကျုံးဝင်သည့် ပို့ကုန်၊ သွင်းကုန် အမျိုးအစားများကို သတ်မှတ်ဖော်ပြထားသည့်အတွက် ဈေးကွက်အဖွဲ့အစည်းများအနေဖြင့် စည်းမျဉ်းစည်းကမ်း မူဘောင်များကို ရှင်းရှင်းလင်းလင်းနှင့် လွယ်လင့်တကူ နားလည်သဘောပေါက်စေမည်ဟု ပြောကြားခဲ့သည်။
တံခါးဖွင့်လှစ်မှုအရလည်း ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် သွင်းကုန်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံအချို့အား အဆိုပါ စာရင်း၌ ဖြေလျှော့ထားသဖြင့် ရှေ့ပြေး တံခါးဖွင့်လှစ်ရေး ကြိုးပမ်းမှုများကို ချဲ့ထွင်ပေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း၌ ဟိုင်နန်ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများသည် ဒီဇင်ဘာ ၁၈ ရက်၌ တရားဝင် စတင်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပါ စာရင်းအား ပြီးခဲ့သည့်လတွင် ယင်း၏ ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Reposted from Xinhua)
……………………………………………
(English Version)
(China Economic Roundtable) List of Hainan FTP’s prohibited import, export goods improves transparency, openness
BEIJING, Aug. 8 (Xinhua) — The list of prohibited and restricted import and export goods and items in the Hainan Free Trade Port (FTP) has greatly improved the transparency and openness of Hainan’s management of its trade in goods, said Jiang Zijun, an official of the Ministry of Commerce.
Jiang made the remarks when speaking on the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
On transparency, Jiang said that the list for the first time comprehensively and systematically specifies categories of import and export goods subject to existing national prohibitions and restrictions, enabling market entities to understand regulatory boundaries clearly and conveniently.
In terms of openness, the list relaxes certain import management measures to meet the development needs of the Hainan FTP, thereby expanding pilot opening-up efforts, Jiang added.
Hainan FTP will launch island-wide independent customs operations officially on Dec. 18.
The Ministry of Commerce published the list on its website last month. ■
English Caption
An aerial drone photo shows a duty-free shopping mall in Sanya, south China’s Hainan Province, May 29, 2025. (Xinhua/Yang Guanyu)