Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်နှင့်ဥရုမြစ်ဆုံရာတွင် ကုန်တင်အမြန်ရေယာဉ်တစ်စင်းနစ်မြုပ်၊လူအသေအပျောက်မရှိ

ချင်းတွင်းမြစ်တွင်းရေယာဉ်နစ်မြုပ်မှုအား ရှာဖွေကယ်တင်ရေးပြုလုပ်နေစဉ် (ဓာတ်ပုံ-- Myanmar fire service Department )

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၁၀ရက်နေ့ နံနက်၀၉း၄၅အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်၊မုက္ကလိကျေးရွာအုပ်စု ငေါက်စားကျေးရွာအနီး ချင်းတွင်းမြစ်နှင့်ဥရုမြစ်ဆုံရာတွင် လင်းလင်းအောင် အမည်ရှိ မုံရွာ-ဆည်ဇင်း အဆန်ကုန်တင်အမြန်ရေယာဉ်တစ်စီး နစ်မြုပ်မှု တွင် လူသေဆုံးမှုမရှိကြောင်း မုံရွာခရိုင်မီးသတ်တပ်ဖွဲ့ မှ ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။

အဆိုပါသဘောၤပေါ်တွင် အဓိက ကုန်အဖြစ် ဆီပေပါ အလုံး ၃၀၀ နှင့် ဆန်အိတ် ၁၂၀ အပါအဝင် အခြားကုန်ပစ္စည်းများ ပါဝင်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

အဆိုပါရေယာဉ်နစ်မြုပ်မှု သတင်းရသည့်အတွက် ဟုမ္မလင်း မြို့နယ်မီးသတ်စခန်းမှ ရှာဖွေ

ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် သန္ဓေ ၁၀ဦးအရန် ၃၀ဦး တို့ဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာတိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.