Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံသား အသက် ၆၅ နှစ်အရွယ် ခြေတု နှစ်ဘက်ပိုင်ရှင် ဧဝရတ်တောင်ထိပ်သို့ အရောက်သွားမည်

ဧဝရတ် တောင်ထိပ်သို့ တက်ရောက်မည့် ခြေတု နှစ်ဘက်ပိုင်ရှင် Xia Boyu (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ်သို့ တက်ရောက်ရန် စိတ်ဆန္ဒပြင်းပြနေသူ ခြေတု နှစ်ဘက်ဖြင့် လမ်းလျှောက်နေရ သော တရုတ်နိုင်ငံက အသက် ၆၅ နှစ်အရွယ် Xia Boyu သည် ဧဝရတ်တောင်ထိပ်သို့ မကြာမီ ရောက်ရှိတော့ မည် ဖြစ်သည်။

ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ၇,၀၀၀ အမြင့်ရှိ ဧဝရတ်တောင် ယာယီ စခန်းသို့ မေလ ၁၁ ရက်က ရောက်ရှိခဲ့ပြီး ရာသီဥတု အခြေအနေ ကောင်းမွန်ပါက ဧဝရတ်တောင်ထိပ် မီတာ ၈,၈၄၈ သို့ မေလ ၁၂ ရက် တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

တရုတ် အမျိုးသား တောင်တက်အသင်းဝင်ဟောင်း Xia သည် လွန်ခဲ့သော ၄၁ နှစ်က တောင်ထိပ်ရောက်ရန် မီတာ ၂၈၀ အလိုအထိ ရောက်ရှိခဲ့ပြီးနောက် နှင်းကိုက်သည့် ဝေဒနာကြောင့် ခြေထောက် နှစ်ဘက်လုံး ဆုံးရှုံး ခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် တောင်ထိပ်သို့ ရောက်ရှိရန် Xia ၏ ကြိုးစားမှုမှာလည်း တောင်ပေါ်မှ ပြိုကျလာသည့် ရေခဲထု နှင်းထုများကြောင့် အရေးနိမ့် ခဲ့ရသည်။

တိဘက် အခေါ် Qomolangma သို့မဟုတ် ဧဝရတ်တောင်ထိပ်သို့ ရောက်ရမည်ဟူသော ၎င်း၏ အိပ်မက်အား အကောင်အထည်ဖော်ရန် အပြင်းအထန် ကြိုးစားခဲ့သလို ၎င်း၏ ကင်ဆာရောဂါကိုပင် အနိုင်ယူနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.