Connect with us

Environment, Disasters & Accidents

ပြည်နယ်နှစ်ခုတွင် ရေကြီးမှုနှင့် တိုင်ဖွန်းအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး သတိပေးချက်အား တရုတ်နိုင်ငံ ထုတ်ပြန်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ဆန်းကျန့်မြို့တွင် ရေကြီးနေသောနေရာတစ်ခုအား ဖြတ်မောင်းနေသော ကားများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်နှင့် ဟိုင်နန်ပြည်နယ်များတွင် တိုင်ဖွန်းနှင့် ရေကြီးမှုအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက Level-IV အဆင့် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။တရုတ်နိုင်ငံ၏ ရေကြီးမှုနှင့် မိုးခေါင်ရေရှားမှုထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေးရုံးချုပ်မှလည်း ကွမ်တုန်းပြည်နယ်ရှိ ဒေသတွင်း ရေကြီးမှုနှင့် တိုင်ဖွန်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့နိုင်ရေးအတွက် ကျွမ်းကျင်အဖွဲ့များအား စေလွှတ်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တောင်တရုတ်ပင်လယ်အတွင်း၌ အပူပိုင်းမုန်တိုင်းငယ်တစ်ခုမှာ စက်တင်ဘာ ၅ ရက်ညနေခင်းက စတင်ဖြစ်တည်လာခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ယခုနှစ်အတွင်း ၁၆ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါ မုန်တိုင်းသည် စက်တင်ဘာ ၇ ရက်ညနှင့် စက်တင်ဘာ ၈ ရက် နံနက်အကြား ကွမ်တုန်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းများကို ဖြတ်ကျော်ဝင်ရောက်ဖွယ်ရှိကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် လာမည့်ရက်များအတွင်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ သတိပေးစနစ်ကို အဆင့် ၄ ခုဖြင့် ထုတ်ပြန်သတိပေးပြီး အဆင့် ၁ မှာ အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက်ရမည့်အဆင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————
(English Version)
China initiates emergency response to flooding, typhoon in 2 provinces
BEIJING, Sept. 6 (Xinhua) — China on Saturday activated a Level-IV emergency response to flooding and typhoon in south China’s Guangdong and Hainan provinces, according to the Ministry of Emergency Management.
The State Flood Control and Drought Relief Headquarters has dispatched work teams to Guangdong to assist local flood and typhoon relief efforts, the ministry said.
A tropical depression, formed on the South China Sea on Friday evening, is expected to intensify into this year’s 16th typhoon by Saturday. It is likely to make landfall between Sunday night and Monday morning in the central and western coasts of Guangdong, which will bring downpours and gales in the coming days.
China has a four-tier emergency response system, with Level I being the most severe response. ■
Photo:
Vehicles pass through a flooded area in Shenzhen, south China’s Guangdong Province, July 20, 2025.(Xinhua/Lu Hanxin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.