China
“ဆောင်းနှင်းဖွေးဖွေး မြို့ကလေး” သို့ လည်ပတ်ပြီး ဆောင်းရာသီ ပျော်ရွှင်မှုကို ခံစားကြည့်ရအောင်
မူသန်းကျန်း (ဟေးလုံကျန်း)၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်၊ ဟိုင်လျင်မြို့ရှိ “China Snow Town” ရှုခင်းသာနေရာသည် ခရီးသွားဧည့်သည်ဦးရေ နေ့စဉ် ပျမ်းမျှ ၂၀,၀၀၀ ကျော် ဆက်တိုက်ရောက်ရှိခဲ့ရာ ခရီးသည်ဝင်ရောက်မှု အထွတ်အထိတ်ကာလ ဖြစ်လာခဲ့သည်။ ရှုခင်းသာဧရိယာအတွင်း ချစ်စရာကောင်းသော သစ်သားအိမ်များသည် နေရာအနှံ့ ပြန့်နှံ့တည်ရှိနေပြီး ခေါင်မိုးပေါ်တွင် နူးညံ့သောဆီးနှင်းများ ထူထပ်စွာဖုံးလွှမ်းနေခြင်းသည် ထူးခြားသော “မှိုပုံသဏ္ဌာန်အိမ်လေးများ” ဖြစ်ပေါ်စေသည်။ ခရီးသွားဧည့်သည်များသည် ထိုနေရာတွင် ဆီးနှင်းများကိုခံစားခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ လည်ပတ်ခြင်း၊ တရုတ်အရှေ့မြောက်ပိုင်းဓလေ့ထုံးစံများ၊ ဆောင်းရာသီ၏ပျော်ရွှင်မှုများကို အပြည့်အဝခံစားကြသည်။ (Xinhua)
………………………..
(Chinese Version)
畅游“中国雪乡” 尽享冬日快乐
牡丹江(黑龙江),2024年12月28日
近日,位于黑龙江省海林市的“中国雪乡”景区迎来客流高峰,日均游客数量连续突破2万人。 景区内木屋错落有致,绵密积雪覆盖房顶,形成独特的“蘑菇屋”。游客在此赏雪、拍照、游玩,感受东北民俗,尽享冬日快乐。
图说1:12月28日,在“中国雪乡”景区,绵密积雪落在房顶。新华社记者 杨思琪 摄
图说2:12月28日,游客在“中国雪乡”标识前拍照。新华社记者 杨思琪 摄