Connect with us

China

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံက နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံအသံကို ထင်ဟပ်စေခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ အဓိကကျသော သဘောတရားမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်၊ အခြေခံမူနှင့် အသက်သွေးကြောချင်း ဆက်စပ်လျက်ရှိရာ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂအပေါ် အခိုင်အမာ ထောက်ခံမှုကို ပြသခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံအသံကို ထင်ဟပ်စေခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောကျားခွန်းက စက်တင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
လတ်တလောတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ ဥက္ကဋ္ဌ Annalena Baerbock စသည်တို့က တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ အနှစ်သာရမှာ ကြွယ်ဝပြီး အဓိကကျသော အယူအဆမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်၊ အခြေခံမူနှင့် အပြန်အလှန် ကိုက်ညီမှုရှိကြောင်း၊ ယခုအကြိမ် ကုလသမဂ္ဂအထွေထွေ ညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ ကာလအတွင်း နိုင်ငံအများအပြားမှ ခေါင်းဆောင်များသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို လေးစားချီးကျူးမှုကို ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဂူတာရက်စ်က နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုမူဝါဒ “ရိုက်ခတ်ခံ” ရကြောင်း တိုက်ရိုက်ပြောကြားခဲ့ပြီး မီဒီယာများကလည်း လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု လိုအပ်ချက်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် ပြည့်စုံကောင်းမွန်ရေး အရေးတကြီး လိုအပ်ချက်အပေါ် အလွန် အာရုံစိုက်ကြကြောင်း၊ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဒီသမိုင်း အချိုးအကွေ့မှာ နိုင်ငံအသီးသီးက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းမလား။ ဒါမှမဟုတ် ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်း (Law of the Jungle) ပြန်လည်ရောက်ရှိလာမှာကို ခွင့်ပြုကြမလား၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အားကောင်းစေမလား ဒါမဟုတ် တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုများကို လိုက်လျှောမလား ဆိုတဲ့ လူသားမျိုးနွယ် ဘယ်ကို ရှေ့ဆက်သွားမလဲ ဆိုတာကို စဉ်းစားနေကြတယ်” ၊ ယခုနှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲမှ ကြည့်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယေဘုယျ ဘုံသဘောတူညီချက်မှာ ကုလသမဂ္ဂ ရပ်တည်မှုကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အားကောင်းလာစေရန် လိုအပ်သည်ဟူ၍ ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

မကြာသေးမီက သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် အချုပ်အခြာအာဏာတန်းတူညီမျှမှု လက်ကိုင်ထားခြင်း၊ နိုင်ငံတကာ ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးခြင်း၊ ပြည်သူ့ဗဟိုပြုမှု မြှင့်တင်ခြင်း၊ လှုပ်ရှားမှု ဦးတည်ချက်အား အလေးထားခြင်းတို့ကို အလေးပေးဖော်ပြခဲ့ပြီး ကမ္ဘာကြီး စီမံခန့်ခွဲမှု အခက်အခဲကို ကိုင်တွယ်ဖြေရှင်းရန် “တရုတ်နိုင်ငံ နည်းလမ်း” ကို ပံ့ပိုးပေးခဲ့ကြောင်း၊ အစီအမံ၏ အဓိကကျသော အယူအဆမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်၊ အခြေခံမူနှင့် အသက်သွေးကြောချင်း ဆက်စပ်လျက်ရှိရာ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂအပေါ် အခိုင်အမာ ထောက်ခံမှုကို ပြသခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံအသံကို ထင်ဟပ်စေခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ ကိုယ်စီတွင် ဦးစားပေးချက်များရှိ၍ အပြန်အလှန် မြှင့်တင်ပေးကာ ခေတ်သစ်တရုတ်နိုင်ငံမှ ကမ္ဘာကြီးထံ ပံ့ပိုးပေးသော စနစ်ကျသည့် နိုင်ငံတကာ အများပြည်သူထုတ်ကုန် ဖြစ်ကြောင်း၊ ကစဉ့်ကလျားဖြစ်နေသော ကမ္ဘာကြီးအား ရှုထောင့်လေးရပ်မှ တည်ငြိမ်မှုနှင့် သေချာမှုများ ဖြည့်တင်းပေးရာ နိုင်ငံတကာရေးရာများတွင် တရုတ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လုပ်ဆောင်မှုများကို ထင်ဟပ်ဖော်ပြလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို လက်တွေ့ဖော်ဆောင်ရန်၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” က ဆောင်ကြဉ်းပေးသော ငြိမ်းချမ်းရေး မျှော်မှန်းချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အိမ်မက် အကောင်အထည်ဖော်ရန်၊ နိုင်ငံအသီးသီးမှ ပြည်သူများအား အကျိုးပြုရန် ကြိုးပမ်းသွားလိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:全球治理倡议反映国际社会共同心声 得到广泛支持
新华社北京9月30日电(记者邵艺博、董雪)外交部发言人郭嘉昆30日表示,全球治理倡议核心理念同联合国宪章宗旨和原则一脉相承,展现了中国对联合国的坚定支持,反映了国际社会的共同心声,得到广泛支持。
当日例行记者会上,有记者问:近期联合国秘书长古特雷斯、第80届联大主席贝尔伯克等均表示中方提出的全球治理倡议内涵丰富,核心理念与联合国宪章宗旨和原则相契合。本届联大一般性辩论期间,多国领导人发言赞赏全球治理倡议。与此同时,古特雷斯直言多边主义“受到冲击”,媒体也非常关注当前的全球治理赤字和改革完善全球治理的紧迫需要。发言人对此有何评论?
“在联合国成立80周年这一历史节点,各国都在思考人类社会向何处去,是坚持多边主义还是纵容丛林法则回归,是重振国际合作还是任由单边霸凌横行。”郭嘉昆说,从今年联大一般性辩论来看,国际社会的普遍共识是联合国地位必须维护,全球治理需要加强。   郭嘉昆说,不久前,习近平主席提出全球治理倡议,强调奉行主权平等、遵守国际法治、践行多边主义、倡导以人为本、注重行动导向,为破解世界治理难题提供了“中国方案”。倡议核心理念同联合国宪章宗旨和原则一脉相承,展现了中国对联合国的坚定支持,反映了国际社会的共同心声,得到广泛支持。
郭嘉昆表示,全球治理倡议和全球发展倡议、全球安全倡议、全球文明倡议各有侧重、相互促进,是新时代的中国向世界提供的系统性国际公共产品,从四个维度为动荡不安的世界注入稳定性和确定性,彰显了中国在国际事务中的担当作为。中方期待同各方一道努力,落实四大全球倡议,让《联合国宪章》承载的和平愿景与发展梦想成为现实,惠及各国人民。(完)