Connect with us

China

တရုတ်နိုင်ငံ၏ အသက်အငယ်ဆုံး အာကာသယာဉ်မှူးက အာကာသအိပ်မက်များကို ဖော်ဆောင်မည်

ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ် ပျံသန်းရေးမစ်ရှင်တွင် ပါဝင်မည့် အာကာသယာဉ်မှူး ကျန်းလု၊ ဝူဖေး၊ ကျန်းဟုန်ကျန်းတို့သည် တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ ဝန့်ထျန်းခန်းမ၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က သတင်းမီဒီယာများနှင့် အဖွဲ့လိုက်တွေ့ဆုံခဲ့ရာ အာကာသယာဉ်မှူး ဝူဖေးအား တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ကို အောက်တိုဘာ ၃၀ ရက်က အများပြည်သူထံသို့ မိတ်ဆက်ပြသခဲ့ရာ ၎င်းတို့အနက် အသက် ၃၂ ပြည့်ပြီးခါစဖြစ်သော ဝူဖေးသည် တရုတ်နိုင်ငံ အာကာသယာဉ်ပျံသန်းရေး မစ်ရှင်တာဝန်ထမ်းဆောင်သော အသက်အငယ်ဆုံး အာကာသယာဉ်မှူးအဖြစ် စံချိန်တင်ခဲ့သည်။

၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားသော ဝူဖေးသည် လက်ရှိ တရုတ်နိုင်ငံ အာကာသယာဉ်မှူးအဖွဲ့များတွင် အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်ပြီး တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း၏ အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အာကာသယာဉ်ပျံသန်းရေး အင်ဂျင်နီယာအနေဖြင့် တရုတ်နိုင်ငံ၏ တတိယအသုတ် အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

“ကျွန်တော့်ရဲ့ပထမဆုံး ပျံသန်းရေးမစ်ရှင်ကို ထမ်းဆောင်ခွင့်ရတော့မှာဖြစ်တဲ့အတွက် ကျွန်တော်သိပ်ကို ကံကောင်းတယ်လို့ ခံစားရပါတယ်” ဟု ဝူဖေးက ဆိုသည်။
ယင်းကံကောင်းခြင်းမှာ အာကာသလုပ်ငန်းကဏ္ဍ ခုန်ပျံကျော်လွှား တိုးတက်လာသည့် ကြီးမြတ်သောခေတ်ကာလတွင် အခြေတည်ခြင်း၊ ကောင်းကင်နှင့်မြေပြင်အကြား ပုံမှန်သွားလာမှုများက လူငယ်မျိုးဆက်များကို တိုင်းပြည်အတွက် ပို၍ ဆောလျင်သော၊ ပို၍များပြားသော ကြိုးပမ်းခွင့်များရရှိစေမှုတွင် အခြေတည်ခြင်းဖြစ်သည့်အပြင် ထောင်သောင်းချီသော သိပ္ပံသုတေသနပြုသူများ၏ ဉာဏ်ပညာနှင့် ပင်ပန်းအားထုတ်မှုဖြင့် တည်ဆောက်ထားသော စကြဝဠာပင်လယ်ကြီးဆီသို့ တက်လှမ်းရောက်ရာ “ကောင်းကင်လှေခါး” တွင် ပို၍ အခြေတည်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရှန်ကျိုး-၂၁ အာသာယာဉ်မှူးအဖွဲ့သည် ယခင်ကဲ့သို့ပင် “ရဲဘော်ဟောင်းနှင့် ရဲဘော်အသစ် တွဲဖက်ထားခြင်း၊ ရဲဘော်ဟောင်းမှ ရဲဘော်သစ်အား ဦးဆောင်လမ်းပြခြင်း” ဟူသော နည်းလမ်းအရ ရွေးချယ်ထားခြင်း ဖြစ်ရာ တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အာကာသယာဉ်မှူးဖြစ်သော ကျန်းလုသည် ၂ နှစ်ကျော်ကြာပြီးနောက် ထျန်းကုန်း အာကာသစခန်းသို့ ထပ်မံသွားရောက်ခြင်းဖြစ်ရာ ကြွယ်ဝသောအတွေ့အကြုံများဖြင့် ကွပ်ကဲရေးမှူးတာဝန်ကြီးကို ထမ်းဆောင်မည် ဖြစ်သလို တတိယအသုတ် အာကာသယာဉ်မှူးများဖြစ်ကြသော ဝူဖေး၊ ကျန်းဟုန်ကျန်း တို့သည် အာကာသယာဉ်ပျံသန်းရေးအင်ဂျင်နီယာနှင့် Payload ပညာရှင်အဖြစ် တာဝန်အသီးသီးထမ်းဆောင်ကာ ပထမဆုံး အာကာသအိပ်မက်များကို ဖော်ဆောင်သွားမည် ဖြစ်သည်။

တရုတ်အာကာသစခန်းသည် ရေရှည် လူအခြေစိုက်နေထိုင်ခြင်း ခေတ်ကာလကို ဖွင့်လှစ်ပြီးနောက် ရှန်ကျိုးလူလိုက်ပါအာကာသယာဉ်များကို “တစ်နှစ်လျှင် နှစ်ကြိမ်လွှတ်တင်ခြင်း” မှာ ပုံမှန်အနေအထားဖြစ်ခဲ့ပြီ ဖြစ်ရာ အသက်အရွယ် ငယ်ရွယ်သော အာကာသယာဉ်မှူးများ “အာကာသမိသားစုဥယျာဉ်” သို့ ပို၍များပြားစွာ ဝင်ရောက်လာခဲ့သည်။ ဝူဖေးမတိုင်မီ ၁၉၉၀ ပြည့်လွန်နှစ်ဖွား အာကာသယာဉ်မှူး စုန့်လင့်တုန်း၊ ဝမ်ဟောက်ကျယ်တို့သည်လည်း အာကာသအိပ်မက်များကို ဖော်ဆောင်ခဲ့ပြီး ဖြစ်သည်။ (Xinhua)

ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ် ပျံသန်းရေးမစ်ရှင်တွင် ပါဝင်မည့် အာကာသယာဉ်မှူး ကျန်းလု၊ ဝူဖေး၊ ကျန်းဟုန်ကျန်းတို့သည် တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ ဝန့်ထျန်းခန်းမ၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က သတင်းမီဒီယာများနှင့် အဖွဲ့လိုက်တွေ့ဆုံစဉ် (ဆင်ဟွာ)

ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ် ပျံသန်းရေးမစ်ရှင်တွင် ပါဝင်မည့် အာကာသယာဉ်မှူး ကျန်းလု၊ ဝူဖေး၊ ကျန်းဟုန်ကျန်းတို့သည် တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ ဝန့်ထျန်းခန်းမ၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က သတင်းမီဒီယာများနှင့် အဖွဲ့လိုက်တွေ့ဆုံစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
神舟二十一号|我国最年轻航天员将圆梦太空
新华社酒泉10月30日电(记者李国利、刘艺)神舟二十一号航天员乘组10月30日公开亮相,刚满32岁的武飞将刷新我国执行飞行任务最年轻航天员的纪录。
武飞出生于1993年10月,是目前我国航天员队伍中最年轻的航天员,曾任中国航天科技集团有限公司工程师。2020年9月,作为航天飞行工程师入选为我国第三批航天员。
“迎来自己的首次飞天任务,我深感无比幸运。”武飞说,这份幸运,源于正处于一个航天事业跨越式发展的伟大时代;源于常态化的天地往返让年轻一代有了更多、更早为国出征的机会;更源于成千上万名科研工作者用智慧与汗水搭建起这座通往星辰大海的“天梯”。
神二十一乘组依旧按照“新老搭配,以老带新”的方式选拔,我国第二批航天员张陆时隔两年多再度叩问天宫,以丰富经验扛起指令长重任;第三批航天员武飞、张洪章分别以航天飞行工程师、载荷专家的身份首度圆梦太空。
中国空间站开启长期有人驻留时代后,神舟载人飞船“一年两发”已成为常态,越来越多的年轻航天员进入“太空家园”。在武飞之前,还有两名“90后”航天员宋令东、王浩泽圆梦飞天。(完)
1. 10月30日,神舟二十一号载人飞行任务航天员张陆、武飞、张洪章在酒泉卫星发射中心问天阁与媒体记者集体见面。这是航天员武飞与媒体记者见面。 新华社记者 李志鹏 摄
2. 10月30日,神舟二十一号载人飞行任务航天员张陆(中)、武飞(右)、张洪章在酒泉卫星发射中心问天阁与媒体记者集体见面。 新华社记者 李明刚 摄