China
ဝမ်ရိနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ဖိတ်ကြားမှုအရ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက လက်ရှိတွင် နိုင်ငံတကာ အခြေအနေ ပြောင်းလဲရှုပ်ထွေးနေသော်လည်း တရုတ်-ဗြိတိန် ဆက်ဆံရေးမှာ ဆုတ်ယုတ်မသွားဘဲ တိုးတက်လျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုကို မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်၍ အပြန်အလှန်အကျိုးပြုသော၊ တည်ငြိမ်သော လမ်းကြောင်းတစ်လျှောက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် ဗြိတိန်တို့သည် နိုင်ငံကြီးများဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ရာ ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင် အရေးကြီးသော နိုင်ငံတကာတာဝန်ကိုထမ်းဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အခိုင်အမာ ထိန်းသိမ်းကာကွယ်လျက်ရှိပြီး နိုင်ငံတကာစနစ်အတွင်း ကုလသမဂ္ဂ၏ ဦးဆောင်မှုနေရာကို ကာကွယ်ထိန်းသိမ်းကာ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုက်နက်ပြည့်စုံမှုကို လေးစားကြောင်း၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် ထောက်ခံအားပေးပြီး ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ထောက်ခံကာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်များ တည်ငြိမ်ရေးကို သေချာစေမည်ဖြစ်ကြောင်း၊ တရုတ်နှင့် ဗြိတိန်နိုင်ငံတို့၏ အထက်ဖော်ပြပါ အရေးကြီးကိစ္စရပ်များအပေါ် သဘောထားများသည် ယေဘုယျအားဖြင့် တစ်ပြေးညီဖြစ်ပြီး ယင်းမှာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး နက်ရှိုင်းစေရန် အရေးပါသော အနှစ်သာရဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံနှင့် အတူတကွ ကြိုးပမ်းကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဗြိတိန် နှစ်နိုင်ငံ သမိုင်းယဉ်ကျေးမှုမှာ ကိုယ်စီ ကွဲပြားမှုများရှိကြရာ နှစ်ဖက်တွင် သဘောထားကွဲလွဲမှုများ ရှိခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း နှစ်ဖက် ဆက်ဆံရေး တည်ငြိမ်မှုအတွက် ခိုင်မာသော အာမခံချက် ပံ့ပိုးပေးရန် အပြန်အလှန် လေးစားမှု အခြေခံမူကို အရင်းခံပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန် ကြိုးပမ်းသင့်ကြောင်း၊ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ဆူညံသံများနှင့် ဝင်ရောက်စွက်ဖက်မှုများကို အထူး သတိရှိရှိထားကာ အပြုသဘောဆောင်၍ ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအခြေခံမူကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Cooper က ဗြိတိန်နှင့် တရုတ် နှစ်နိုင်ငံတွင် ဘုံအကျိုးစီးပွားများစွာရှိပြီး ဗြိတိန်အနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေး တိုးမြှင့်ကာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင် စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ဗြိတိန်နှင့် တရုတ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံအားပေးသော နိုင်ငံကြီးအနေဖြင့် ရာသီဥတုပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ အတူတကွ ကိုင်တွယ်ဖြေရှင်းရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အတူတကွ ထိန်းသိမ်းကာကွယ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေး၊ နိုင်ငံစုံစနစ်ကို ထိန်းသိမ်းကာကွယ်ရန် ပုံမှန်အသွင်ရှိသော မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းထားရန် မဖြစ်မနေလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်-ဗြိတိန် ဆက်ဆံရေးကို သက်ရောက်မှုရှိသော အရေးတကြီး ကိစ္စရပ်များအား အရှိန်မြှင့် ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်များကို အဓိကထား ဖော်ပြခဲ့ရာ နှစ်ဖက်အနေဖြင့် ဦးတည်ချက်အတူ လျှောက်လှမ်းရန်၊ ကိုယ်စီ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုများကို တန်းတူညီမျှစွာ ဖြေရှင်းရန် သဘောတူခဲ့ကြသည်။ (Xinhua)
………………..
(Chinese Version)
王毅同英国外交大臣库珀通电话
新华社北京11月6日电 2025年11月6日,中共中央政治局委员、外交部长王毅应约同英国外交大臣库珀通电话。
王毅表示,当前国际形势变乱交织,中英关系不进则退。双方应加强战略沟通,推动两国关系沿着健康、互惠、稳定轨道可持续发展。中英都是大国和联合国安理会常任理事国,对世界和平、稳定与发展承担着重要国际责任。中方坚定维护联合国宪章宗旨和原则,维护联合国在国际体系主导地位,尊重各国主权和领土完整,主张以和平手段解决争端,支持全球自由贸易和世贸组织规则,确保全球产供链稳定。中英在上述重大问题上立场总体一致,这是深化两国战略合作关系的重要内涵。中方愿同英方共同努力,携手应对全球性挑战,促进世界和平与发展。
王毅说,中英两国历史文化各异,双方存在分歧也很正常,但应本着相互尊重原则,努力增进相互了解,为双边关系稳定提供坚实保障。对于时而出现的杂音和干扰,尤要保持清醒头脑,积极稳妥处理,保持两国关系发展的主基调。
库珀表示,英中两国有很多共同利益,英方高度重视对华关系,期待同中方加强高层交往,拓展安全、发展和环境等领域合作。英中作为安理会常任理事国和支持多边主义的大国,有必要保持常态化战略沟通,共同应对气候变化等全球性挑战,共同维护联合国宪章宗旨和原则,维护全球自由贸易,维护多边体系。
王毅侧重就加快解决影响中英关系的紧迫问题表明了中方立场,双方同意相向而行,对等解决各自合理关切。(完)
