Connect with us

China

ဝမ်ရိနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် (LAS) အထွေထွေအတွင်းရေးမှူး Ahmed Aboul-Gheit တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် (LAS) အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Gheit တို့ ပေကျင်းမြို့၌ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၁၈ ရက်တွင် ပေကျင်းမြို့၌ အာရပ်နိုင်ငံများအဖွဲ့ချုပ် (LAS) အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Gheit နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးအချိန်သို့ ရောက်ရှိလာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်း၊ မဟာဗျူဟာမြောက် ကိုယ်ပိုင်ရပ်တည်မှုရှိရေးကို အားကောင်းစေခြင်း၊ စည်းလုံးညီညွတ်စွာ ကိုယ်ပိုင်အင်အားတောင့်တင်းမှု ဖော်ဆောင်ခြင်းတို့ကို ထောက်ခံအားပေးကြောင်း၊ လာမည့်နှစ်သည် တရုတ်-အာရပ်နိုင်ငံများ သံတမန်ဆက်ဆံရေး ဖွင့်လှစ်ခြင်း နှစ် ၇၀ ပြည့်ဖြစ်ပြီး ဒုတိယအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံတွင် ကျင်းပရန် ကြိုတင်စီစဉ်ထားရာ တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံရေး သမိုင်းတွင် နောက်ထပ် မှတ်ကျောက်တိုင်တစ်ခုဖြစ်သော အခမ်းအနားကြီး မုချဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Gheit က အာရပ်နိုင်ငံများအဖွဲ့ချုပ်သည် ပါလက်စတိုင်းအရေးတွင် တရုတ်နိုင်ငံ၏ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား အခိုင်အမာ လက်ကိုင်ထားခြင်းကို လေးစားတန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကာ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
王毅会见阿盟秘书长盖特
新华社北京11月18日电 中共中央政治局委员、外交部长王毅18日在京会见阿盟秘书长盖特。
王毅表示,在习近平主席和阿拉伯国家领导人战略引领下,中阿关系进入历史最好时期。中方坚定支持阿拉伯国家走出符合自身国情的发展道路,加强战略自主,实现团结自强。明年是中国同阿拉伯国家开启外交关系70周年,第二届中阿峰会预定在华举办,必将成为中阿关系史上又一次里程碑式的盛会。
盖特表示,阿方赞赏中方在巴勒斯坦问题上坚持公道正义,期待中方继续发挥建设性作用,愿同中方加强多边协作。(完)
图说:11月18日,中共中央政治局委员、外交部长王毅在北京会见阿盟秘书长盖特。 新华社记者 才扬 摄