China
ဝမ်ဟုနင်နှင့် ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ ဝမ်ဟုနင်က နိုဝင်ဘာ ၁၈ ရက်တွင် ပေကျင်းမြို့၌ ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ၏ ပူးတွဲဥက္ကဋ္ဌ၊ ဖက်ဒရယ်ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က ယခုနှစ် မေလတွင် သမ္မတရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် Friedrich Merz တို့သည် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ တရုတ်-ဂျာမနီ ပူးပေါင်းဖလှယ်ဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အရေးကြီးသော သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ကောင်းမွန် တည်ငြိမ်သော တရုတ်-ဂျာမနီဆက်ဆံရေးသည် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို တရုတ်-ဥရောပ နယ်ပယ်အသီးသီး၏ မျှော်မှန်းချက်များနှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံနှင့်အတူ တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရေးကို တွန်းအားပေးဆောင်ရွက်ရန်၊ တရုတ်-ဥရောပဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အနေဖြင့် ဤရည်မှန်းချက်အတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Klingbeil က တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အရေးကြီးမိတ်ဖက်ဖြစ်ပြီး ကမ္ဘာကြီးအနာဂတ်အတွက် နှစ်နိုင်ငံတွင် အရေးပါသော တာဝန်ဝတ္တရားများ ထမ်းဆောင်ရန်ရှိကြောင်း၊ ဂျာမနီနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အတူတကွ လက်တွေ့ဖော်ဆောင်ကာ ကဏ္ဍအသီးသီးလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့်အတူ မဟာဗျူဟာ အပြန်အလှန်ဆွေးနွေးမှု အားကောင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဝမ်တုန်းဖုန်း ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
王沪宁会见德国社民党代表团
新华社北京11月18日电 中共中央政治局常委、全国政协主席王沪宁18日在京会见德国社会民主党联合主席、联邦副总理兼财政部长克林拜尔率领的代表团。
王沪宁表示,今年5月,习近平主席同默茨总理通电话,就深化中德交流合作达成重要共识。健康稳定的中德关系符合两国利益,也符合中欧各界期待。中方愿同德方一道,推动中德全方位战略伙伴关系向更高水平迈进,促进中欧关系发展。中国全国政协愿为此作出积极贡献。
克林拜尔表示,中国是德国重要伙伴,两国对世界的未来都负有重要责任。德方坚持一个中国政策,愿同中方共同落实好两国领导人达成的重要共识,促进各领域务实合作。德国社民党愿同中国共产党加强战略对话,增进相互理解。
王东峰等参加会见。(完)
11月18日,中共中央政治局常委、全国政协主席王沪宁在北京会见德国社会民主党联合主席、联邦副总理兼财政部长克林拜尔率领的代表团。 新华社记者 王晔 摄
