Connect with us

China

“အထူးသွင်းကုန်” မှသည် “နိုင်ငံ့ဂုဏ်ဆောင်ထုတ်ကုန်” အထိ – တရုတ်နိုင်ငံ ယူနန်ပြည်နယ် မုန့်လျန်ခရိုင် နယ်စပ်မြို့လေး၌ ထောပတ်သီး၏ ပြောင်းလဲမှု

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ မုန့်လျန်ခရိုင်ရှိ ဟိုတယ်တစ်ခုတွင် ထောပတ်သီး ယဉ်ကျေးမှု ဆန်းသစ်တီထွင်သည့်ထုတ်ကုန်အား ဝန်ထမ်းများ စီစဉ်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူအယ် (ယူနန်)၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ထောပတ်သီးသည် မူလက တောင်အမေရိက၊ အာဖရိက စသည့်ဒေသများမှ ထွက်ရှိခြင်းဖြစ်သည်။ ယခင်က တရုတ်နိုင်ငံ၏ ထောပတ်သီးသည် အားလုံးနီးပါး သွင်းကုန်ကို အားကိုးနေရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ မုန့်လျန် တိုင်လူမျိုး၊ လားဟူလူမျိုး၊ ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် မြောက်လတ္တီကျု ၂၂ ဒီဂရီဝန်းကျင်၌ တည်ရှိပြီး “ကမ္ဘာ့ထောပတ်သီးမြို့” မက္ကဆီကိုနိုင်ငံ အူယူအာပန်မြို့၏ ရာသီဥတုနှင့် ဆင်တူကာ ထောပတ်သီးများရှင်သန်ရန် လိုအပ်ချက်နှင့် ကိုက်ညီသည်။
၂၀၀၇ ခုနှစ်တွင် ဒေသတွင်း၌ နိုင်ငံခြားမှ မျိုးစိတ်တင်သွင်းပြီး ထောပတ်သီး တရုတ်မူ (Mu) ၁၀ အား စမ်းသပ်စိုက်ပျိုးခဲ့သည်။ ယနေ့တွင် မုန့်လျန် ထောပတ်သီးစိုက်ပျိုးမှုဧရိယာသည် တရုတ်မူ (Mu) ၁၂၀,၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံးစုစုပေါင်းဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ အဆိုပါခရိုင်လေးသည် “တရုတ်နိုင်ငံ ထောပတ်သီးဇာတိ” ဟု တင်စားခေါ်ဝေါ်ခံရပြီး “မုန့်လျန် ထောပတ်သီး” သည် နိုင်ငံ၏ပထဝီတည်နေရာ အထင်ကရ အမှတ်အသားအဖြစ် အသိအမှတ်ပြုမှုခံရသည်။
လတ်တလောနှစ်ပိုင်းတွင် မုန့်လျန်ခရိုင်သည် ထောပတ်သီးလုပ်ငန်းအား “ခရိုင်တစ်ခု လုပ်ငန်းတစ်ခု” ၏ ဦးဆောင်ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြည်သူများ ကြွယ်ဝကာ ဝင်ငွေတိုးစေသည့် ထွန်းသစ်စလုပ်ငန်းအဖြစ် တည်ဆောက်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် ဒေသတွင်း၌ အထွက်နှုန်း၊ ဂေဟ၊ ဝင်ငွေတိုးမှုတို့ကို တစ်ပြိုင်နက်တည်း အခိုင်အမာဖော်ဆောင်ကာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများဝင်ငွေတိုးစေရန် အားဖြည့်ကူညီသွားမည်ဖြစ်ပေသည်။ (Xinhua)

—————————
(Chinese Version)
云南孟连:从“进口特供”到“国货之光”——牛油果的边城蝶变
新华社照片,普洱(云南),2025年11月18日
牛油果又名鳄梨,原产于南美、非洲等地。过去,中国的牛油果几乎全靠进口。云南省普洱市孟连傣族拉祜族佤族自治县地处北纬22度,与“世界牛油果之都”墨西哥乌鲁阿潘市的气候相似,符合牛油果的生长需求。2007年,当地从国外引种,试种10亩牛油果。如今,孟连牛油果种植面积超12万亩,约占全国总面积的80%。该县被誉为“中国牛油果之乡”,“孟连牛油果”获得国家地理标志证明商标认证。
近年来,孟连县将牛油果产业打造成“一县一业”主导产业和富民增收新兴产业。下一步,当地坚持产量、生态、增收一起抓,助力产业发展、百姓增收。
图说1:11月18日,在云南省普洱市孟连县一酒店,工作人员在摆放牛油果文创产品。 新华社发(梁志强摄)
图说2:11月17日,在云南省普洱市孟连县一咖啡企业,工作人员在制作牛油果咖啡。新华社发(梁志强摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.