Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုက ဗဟိုသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ်သန်း ၄၀ အရေးပေါ်ခွဲဝေပေး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပေဟိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် မော်တော်ကားများ မောင်းနှင်သွားသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမဆုံး ဝင်ရောက်မည့် တိုင်ဖွန်းမုန်တိုင်း “ဝူတစ်(Wutip)” နှင့် ၎င်း၏ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့က ဗဟိုသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ်သန်း ၄၀ ကို မကြာသေးမီရက်က အရေးပေါ်ခွဲဝေပေးခဲ့သည်။

ယင်းမှာ ဟိုင်နန်၊ ကွမ်တုန်း၊ ကွမ်ရှီးစသည့် ပြည်နယ် (ဒေသ) များတွင် ရေကြီးမှု၊ တိုင်ဖွန်းမုန်တိုင်းဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ထောက်ပံ့ရန်၊ ဘေးဒဏ်သင့်ပြည်သူများအား ရွှေ့ပြောင်းပြန်လည်နေရာချထားရေး၊ အန္တရာယ်ရှိပစ္စည်းများဖယ်ရှားရေး စသည့် အရေးပေါ်လုပ်ဆောင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ စစ်ဆေးရှာဖွေခြင်းနှင့် အရေးပေါ်ထိန်းညှိစီမံမှုများ ပြုလုပ်ခြင်းစသည်တို့တွင် အသုံးချရန်၊ ဘေးအန္တရာယ်သက်ရောက်မှုကို အကြီးဆုံးအတိုင်းအတာဖြင့် လျှော့ချပြီး ပြည်သူလူထု၏ အသက်အိုးအိမ် ဘေးကင်းရေးအား အာမခံချက်ပေးရန် ဖြစ်သည်။ (Xinhua)
…………………………
(Chinese Version)
两部门紧急预拨4000万元中央自然灾害救灾资金
新华社北京6月15日电 记者15日从财政部了解到,针对今年第1号台风“蝴蝶”及其暴雨洪涝灾害,财政部、应急管理部近日紧急预拨4000万元中央自然灾害救灾资金,支持海南、广东、广西等省(区)做好防汛防台风应急抢险救灾工作,用于转移安置受灾人员、排危除险等应急处置、开展次生灾害隐患排查和应急整治等,最大程度减轻灾害影响,保障人民群众生命财产安全。(完)