Connect with us

China

တောင်ကိုရီးယားနိုင်ငံနှင့်အတူ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် တွန်းအားပေးသွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဩဂုတ် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့်အတူ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် တွန်းအားပေးသွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဩဂုတ် ၂၄ ရက်သည် တရုတ်-တောင်ကိုရီးယား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၃၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မည်သို့သဘောထားသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
မော်နင်က တရုတ်-တောင်ကိုရီးယားတို့သည် ရွှေ့ပြောင်းမရသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေးထူထောင်လာသည့် ၃၃ နှစ်တာကာလအတွင်း ကောင်းမွန်တည်ငြိမ်သော၊ စဉ်ဆက်မပြတ်နက်ရှိုင်းလာသော တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို ဒေသတွင်းမှသည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးအတွက်လည်း အကျိုးပြုကြောင်း နှစ်နိုင်ငံဆက်ဆံရေးဘက်စုံအရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်လာသည့် ဖြစ်ရပ်မှန်က သက်သေပြုခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံနဲ့အတူ သံတမန်ဆက်ဆံရေးထူထောင်ခြင်း မူလရည်ရွယ်ချက်ကို အခိုင်အမာထိန်းသိမ်းထားပြီး အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုဦးတည်ချက်ကို အခိုင်အမာ လက်ကိုင်ထားဖို့၊ အပြန်အလှန်အကျိုးပြုပြီး ဘုံအကျိုးဖြစ်ထွန်းမှုဖော်ဆောင်မယ့် ရည်မှန်းချက်ကို အခိုင်အမာ ထိန်းသိမ်းထားကာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားတဲ့ အဆင့်သို့ တက်လှမ်းရန် တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူတွေအတွက် ပိုမိုများပြားတဲ့ ကောင်းကျိုးတွေ ဆောင်ကြဉ်းပေးဖို့ ဆန္ဒရှိပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
外交部:愿同韩方一道,推动中韩战略合作伙伴关系向更高水平迈进
新华社北京8月22日电(马卓言、赵瀚泽)外交部发言人毛宁22日表示,中方愿同韩方一道,推动中韩战略合作伙伴关系向更高水平迈进。
当日例行记者会上,有记者问:8月24日是中韩建交33周年纪念日,中方对发展中韩关系有何看法?
毛宁说,中韩是搬不走的近邻。建交33年来,两国关系全面快速发展的事实证明,一个健康稳定、持续深化的中韩关系,符合两国人民根本利益,也有利于地区乃至世界和平稳定和发展繁荣。
“中方愿同韩方一道,坚守建交初心,坚定睦邻友好方向,坚持互利共赢目标,推动中韩战略合作伙伴关系向更高水平迈进,为两国人民带来更多福祉。”毛宁说。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.