Connect with us

China

တရုတ်ကွန်မြူနစ်ပါတီက အမျိုးသားတစ်ရပ်လုံး ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၏ ပင်မထောက်တိုင်ဖြစ်ကြောင်း ကျူးဘားပညာရှင် Jose Luis Robaina ဆို

ကျူးဘားနိုင်ငံတကာနိုင်ငံရေးလေ့လာရေးစင်တာ၏ အကြီးတန်းသုတေသီ Jose Luis Robaina က ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဩဂုတ် ၁၂ ရက်က လက်ခံဖြေကြားနေစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
လွန်ခဲ့သော နှစ်ပေါင်း ၈၀ တွင် တရုတ်ပြည်သူများက ဖက်ဆစ်ဂျပန်ကို အနိုင်တိုက်ခဲ့ရာတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် အမျိုးသားတစ်ရပ်လုံး ခုခံတော်လှန်ရေးစစ်ပွဲ၏ ပင်မထောက်တိုင်ဖြစ်ပြီး အလွန်ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်အတွင်း၌ ခုခံတော်လှန်ရေးစစ်ပွဲကို ခေါင်းဆောင်မှုပေးကာ အောင်မြင်မှုရရှိခဲ့ရာ “ဒါက အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းပါတယ်” ဟု ကျူးဘားနိုင်ငံတကာနိုင်ငံရေးလေ့လာရေးစင်တာ၏ အကြီးတန်းသုတေသီ Jose Luis Robaina က မကြာသေးမီရက်က ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ဆင်ဟွာသတင်းထောက်နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
အသက် ၈၀ နီးပါးရှိပြီဖြစ်သော Robaina သည် ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၉ ခုနှစ်အထိ တရုတ်နိုင်ငံရှိ ကျူးဘားလက်တင်အမေရိက သတင်းဌာန၏ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဝူဟန့် နှင့် ယန်အန်း စသည့် ဒေသများရှိ ခုခံတော်လှန်ရေးစစ်ပွဲအထိမ်းအမှတ်နေရာများနှင့် အမွေအနှစ်နေရာများကို လည်ပတ်ခဲ့ဖူးသည်။
ယန်အန်းခရီးစဉ်သည် Robaina အတွက် အနက်ရှိုင်းဆုံးပုံရိပ်များ ကျန်ရစ်ခဲ့သည်။ “အဲဒီအချိန်အခါက အခြေအနေ ခက်ခဲမှန်း ကျွန်တော်ကြိုသိထားတာတောင် ကိုယ်တိုင်မြင်တွေ့ရတဲ့အခါ တုန်လှုပ်သွားခဲ့ရတယ်။ အဲဒီ (လူနေ) ဂူတွေအားလုံး မကြီးဘူး၊ နည်းနည်းပိုကြီးတဲ့ ဂူကို အစည်းအဝေးကျင်းပဖို့ပဲ သုံးတယ်။ ဆက်သွယ်ရေးအခြေအနေတွေလည်း အတော်ခေတ်နောက်ကျတယ်။ အဲဒီလို ခက်ခဲဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ တရုတ်ကွန်မြူနစ်ပါတီက ပြည်သူတွေကို ဦးဆောင်ပြီး ခုခံတော်လှန်ရေးစစ်ပွဲကို အနိုင်ရရှိခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးတပ်ဖွဲ့သည် ထိုစဉ်က အရင်းအမြစ်အားဖြင့် ကန့်သတ်ချက်ရှိပြီး လက်နက်ကိရိယာ ခေတ်နောက်ကျသော်လည်း ပြောက်ကျားတိုက်ခိုက်ရေးနှင့် လှုပ်ရှားတိုက်ခိုက်ရေး စသည့် စစ်ဆင်ရေးများဖြင့် တရုတ်နိုင်ငံသို့ ကျူးကျော်သည့် ဂျပန်စစ်တပ်များကို ထိရောက်စွာ ချုပ်ကိုင်တိုက်ခိုက်ခဲ့ရာ အောင်ပွဲအတွက် အခြေခံအုတ်မြစ်တည်ဆောက်ပေးနိုင်ခဲ့သည်ဟု Robaina က ပြောကြားခဲ့သည်။
၁၉၃၇ ခုနှစ် လူကိုးတံတားအရေးအခင်းဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် အမျိုးသားတစ်ရပ်လုံး ခုခံတော်လှန်ရေးတိုက်ပွဲကို ချက်ချင်းပင် စတင်ခဲ့ကြောင်း၊ တရုတ်ပြည်သူများသည် ဖက်ဆစ်ဂျပန်ကို အနိုင်တိုက်ခိုက်နိုင်ရေးအတွက် ကြီးမားလေးနက်သည့် စတေးမှုများဖြင့် ပေးဆပ်ခဲ့ရပြီး ဖက်ဆစ်ဂျပန်တပ်၏ စစ်အားအင်ကို သိသိသာသာ အားနည်းစေခဲ့ကြောင်း၊ သို့သော် အနောက်တိုင်း၏ သမိုင်းပြောဆိုချက်များတွင် ထိုစဉ်ကသမိုင်းကို မှေးမှိန်သွားအောင်သာမက မျက်ကွယ်ပြုလျစ်လျူရှုခဲ့ကြကြောင်း Robaina က ပြောကြားခဲ့သည်။
Robaina သည် တရုတ်နိုင်ငံ၏ ခုခံတော်လှန်ရေးသမိုင်းကြောင်းကို မှတ်သားသည့် အစီအမံများ ဥပမာ ကျန်ရစ်သောအမွေအနှစ်နေရာများ ထိန်းသိမ်းခြင်း၊ အထိမ်းအမှတ်အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်းစသည့် လုပ်ဆောင်ချက်များအပေါ် နက်ရှိုင်းစွာ မှတ်မိလျက်ရှိပေသည်။ သမိုင်းကို မမေ့ခြင်းသည် တရုတ်ပြည်သူများ၏ ထူးချွန်သောအရည်အသွေးဖြစ်ပြီး “သမိုင်းကို မေ့လျော့လိုက်ပါက ယခင်ဖြစ်ရပ်မှားများ ထပ်မံဖြစ်ပွားမည်” ဟု ၎င်းက ယူဆသည်။
တရုတ်ပြည်သူများတွင် ပြင်းပြထက်သန်သော အမျိုးသားရေးဂုဏ်ယူမှုခံစားချက်ရှိပြီး ၎င်းတို့၏ သမိုင်းနှင့်ယဉ်ကျေးမှုအပေါ် ဂုဏ်ယူကြကြောင်း၊ တရုတ်ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင် နိုင်ငံအသွင်အဖြစ် ယနေ့တိုင် ဆက်လက်တည်ရှိသည့် တစ်ခုတည်းသော ယဉ်ကျေးမှုဖြစ်ကြောင်း၊ ထို့အပြင် “အခြားအင်အားကြီးနိုင်ငံများနှင့် မတူဘဲ တရုတ်နိုင်ငံသည် စစ်ကို မနှစ်သက်သော နိုင်ငံဖြစ်သည်” ဟု Robaina က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ် ဖက်ဆစ်တော်လှန်ရေး မဟာမိတ်အဖွဲ့၏ အရေးပါသော အဖွဲ့ဝင်ဖြစ်လာခြင်းမှ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအခြေခံမူ ၅ ရပ်ကို အဆိုပြုခြင်း၊ ထို့နောက် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေးကို ထောက်ခံအဆိုပြုခြင်းအထိ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရန်အတွက် ခိုင်ခိုင်မာမာ အားစိုက်ဆောင်ရွက်ရှိကြောင်း၊ လက်ရှိကမ္ဘာသည် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရလျက်ရှိပြီး တရုတ်နိုင်ငံ အဆိုပြုသော အဆိုပြုချက်နှင့် အတွေးအခေါ်များစွာသည် အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်အမြဲ ရပ်တည်ပေးခဲ့ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ အရေးကြီးမဏ္ဍိုင်ဖြစ်ကြောင်း Robaina က ယူဆသည်။
၁၉၆၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိစဉ် တရုတ်စီးပွားရေးဖွံ့ဖြိုးမှုအဆင့်သည် အတော်နိမ့်ကျခဲ့ပြီး ယခုအခါတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအစုအဖွဲ့ဖြစ်လာခဲ့ရာ သမိုင်းဝင်ခုန်ပျံကျော်လွှားမှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း Robaina က ပြန်လည်အောက်မေ့ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို အစဉ်အမြဲ ရှာဖွေခဲ့ပြီး ငြိမ်းချမ်းရေးကို လက်တွေ့ကျင့်သုံးကာ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………..
(Chinese Version)
海外人士谈抗战|专访:中国共产党是全民族抗战的中流砥柱——访古巴学者何塞·罗瓦伊纳
新华社哈瓦那8月25日电 专访:中国共产党是全民族抗战的中流砥柱——访古巴学者何塞·罗瓦伊纳
新华社记者蒋彪
古巴国际政治研究中心高级研究员何塞·罗瓦伊纳日前在首都哈瓦那接受新华社记者专访时说,80年前中国人民战胜日本法西斯,中国共产党是全民族抗战的中流砥柱,在极其艰苦的环境中领导抗战取得胜利,“这令人深感震撼”。
年近八旬的罗瓦伊纳曾于1980年至1989年担任古巴拉美通讯社驻华记者,曾走访过北京、上海、广州、武汉、延安等地的抗战纪念场所和遗址。
延安之行给罗瓦伊纳留下了最为深刻的印象。“即便我事先知道当时条件艰苦,但亲眼所见仍感到震撼。那里(住人的)窑洞都不大,有一个较大的窑洞专门用来开会,通信条件也较为落后。在如此艰苦的环境中,中国共产党能领导人民取得抗战的胜利,几乎不可想象。”他说。
罗瓦伊纳说,中国共产党领导的抗日武装当时虽然资源有限、装备落后,但依靠游击战、运动战等作战仍有效牵制、打击侵华日军,为胜利奠定了基础。
罗瓦伊纳说,1937年卢沟桥事变后,中国共产党立即号召全民族抗战。中国人民为战胜日本法西斯付出了沉重代价,极大削弱了日军实力。然而,西方叙事往往淡化甚至忽视这段历史。
罗瓦伊纳对中国铭记抗战历史的举措印象深刻,如保护遗址、建立纪念设施、举办纪念活动等。他认为,不忘历史是中国人民的优秀品质,“忘记历史,就会重蹈覆辙”。
罗瓦伊纳说,中国人民有强烈的民族自豪感,为自身历史文化而骄傲。中华文明是世界上唯一以国家形态延续至今的文明。而且,“与其他大国不同,中国并非好战的国家”。
罗瓦伊纳认为,从成为二战反法西斯同盟重要成员,到提出和平共处五项原则,再到倡导构建人类命运共同体,中国都坚定致力于实现和平。当今世界正面临多重挑战,中国提出一系列倡议和理念,始终主张以和平方式解决争端,是多边主义的重要支柱。
罗瓦伊纳回忆说,1963年初到访中国时,中国经济发展水平较低,而今中国已成为世界第二大经济体,实现了历史性飞跃。“中国始终追求和平,践行和平,推动和平。”他说。(完)
图说:8月12日,古巴国际政治研究中心高级研究员何塞·罗瓦伊纳在首都哈瓦那接受新华社记者专访。 新华社发(华金·埃尔南德斯摄)