Connect with us

China

တရုတ်နိုင်ငံက ဟွမ်ရန်သောင်ကျွန်းကို အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန်အဖြစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်၏ “ကန့်ကွက်မှု” ကို လက်မခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား စက်တင်ဘာ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဟွမ်ရန်သောင်ကျွန်းကို အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန်အဖြစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက “အပြင်းအထန်ကန့်ကွက်ကြောင်း” ပြောကြားချက်နှင့် စပ်လျဉ်း၍ မေးခွန်းအား ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုများနှင့် “ကန့်ကွက်မှု” ကို လက်မခံကြောင်း၊ ဖိလစ်ပိုင်အနေဖြင့် အခွင့်အရေးချိုးဖောက်ရန်စမှု၊ ထင်သလို ပုံကြီးချဲ့ပြောဆိုမှုများကို လက်တွေ့ရပ်တန့်ရန် တိုက်တွန်းကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
လျင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဟွမ်ရန်သောင်ကျွန်းသည် တရုတ်၏ ရှိရင်းစွဲပိုင်နက်ဖြစ်ကြောင်း၊ ဟွမ်ရန်သောင်ကျွန်းကို အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန်အဖြစ် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအတွင်း ကိစ္စရပ်ဖြစ်ပြီး ဟွမ်ရန်သောင်ကျွန်း၏ ဂေဟစနစ်ကာကွယ်ရန်၊ ဟွမ်ရန်သောင်ကျွန်း သဘာဝဂေဟစနစ် အမျိုးစုံလင်မှု၊ တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့မှုတို့ကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ကာ တရုတ်နိုင်ငံ ဥပဒေ၊ နိုင်ငံတကာ ဥပဒေနှင့်ကိုက်ညီသလို တရုတ်က တာဝန်ယူမှုရှိသော နိုင်ငံကြီးတစ်ခုအနေဖြင့် ဂေဟပတ်ဝန်းကျင် တက်ကြွစွာ စောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး မြှင့်တင်ရန် သမိုင်းပေးတာဝန်အား ထမ်းဆောင်မှုကို အပြည့်အဝထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
“ဖိလစ်ပိုင်ရဲ့ နယ်နိမိတ်အကျယ်အဝန်းကို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များစွာက အစောကြီးကတည်းက အတည်ပြုပေးပြီးပါပြီး၊ ဟွမ်ရန်သောင်ကျွန်းက ၎င်းနယ်နိမိတ်ထဲမှာ ဘယ်သောအခါကမျှ မပါဝင်ခဲ့ဖူးပါဘူး။ တရုတ်ဘက်က ဖိလစ်ပိုင်၏ အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုများနှင့် “ကန့်ကွက်မှု” ကို လက်မခံပါဘူး။ ဖိလစ်ပိုင်အနေနဲ့ အခွင့်အရေးချိုးဖောက်ရန်စမှု၊ ထင်သလို ပုံကြီးချဲ့ပြောဆိုမှုတွေကို လက်တွေ့ရပ်တန့်ဖို့၊ ပင်လယ်ပြင်အခြေအနေကို ရှုပ်ထွေးစေတဲ့အချက်တွေ ထပ်တိုးလာတာကို တားဆီးဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဟွမ်ရန်သောင်ကျွန်း ရေတိမ်ပိုင်းရှိ သန္တာကျောက်တန်းတစ်ခွင်အား ၂၀၂၅ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
外交部:不接受菲方对中国建立黄岩岛国家级自然保护区的所谓“抗议”
新华社北京9月11日电(记者朱超)外交部发言人林剑11日就菲律宾外交部对中国建立黄岩岛国家级自然保护区表示“强烈抗议”一事答问时说,中方不接受菲方的无理指责和所谓“抗议”,敦促菲方切实停止有关侵权挑衅和肆意炒作。
林剑在例行记者会上说,黄岩岛是中国的固有领土,建立黄岩岛国家级自然保护区是中方主权范围内的事,旨在保护黄岩岛的生态环境,维护黄岩岛自然生态系统多样性、稳定性、持续性,符合中国国内法和国际法,也充分体现中方作为负责任大国积极保护生态环境、推动实现可持续发展的使命担当。
“菲律宾的领土范围早已由一系列国际条约确定,黄岩岛从来不在其中。中方不接受菲方的无理指责和所谓‘抗议’,敦促菲方切实停止有关侵权挑衅和肆意炒作,避免给海上局势增添复杂因素。”他说。(完)
图说2:这是2025年3月26日拍摄的黄岩岛浅水区的一片礁盘(无人机照片)。新华社记者 郎兵兵 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.