Connect with us

China

SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၊ SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုရလဒ်ကြီး ၈ ရပ်အား ဝမ်ရိ မိတ်ဆက်ပြောကြား

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေး ပြီးဆုံးချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက SCO အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev နှင့်အတူ ထိပ်သီးအစည်းအဝေး သတင်းစင်တာ၌ ပြည်တွင်းပြည်ပ သတင်းထောက်နှင့် တွေ့ဆုံခဲ့ပြီး မေးခွန်းများဖြေကြားပေးနေသည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေး ပြီးဆုံးချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် SCO အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev နှင့်အတူ ထိပ်သီးအစည်းအဝေး သတင်းမီဒီယာစင်တာ၌ စက်တင်ဘာ ၁ ရက်က ပြည်တွင်းပြည်ပ သတင်းထောက်နှင့် တွေ့ဆုံခဲ့ပြီး မေးခွန်းများကို ဖြေကြားခဲ့သည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးမှ ရရှိခဲ့သော အောင်မြင်မှုရလဒ်ကြီး ၈ ရပ်ကို ဝမ်ရိ မိတ်ဆက်ပြောကြားခဲ့သည်။
ပထမအနေဖြင့် SCO လာမည့် ၁၀ နှစ်တာအတွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ရေးဆွဲချမှတ်ခဲ့ကြောင်း၊ ဤအလုံးစုံ ပါဝင်သော မဟာဗျူဟာက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် “ရှန်ဟိုင်းစိတ်ဓာတ်” ကို လိုက်နာရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေမှုကို အခိုင်အမာ လက်ကိုင်ထားရန်နှင့် ဗဟုဝင်ရိုးကမ္ဘာကြီး ဖွဲ့စည်းတည်ဆောက်ရေးအတွက် ပိုမိုများပြားသော အကျိုးကိုဆောင်ရွက်ရန် အတိအလင်းလမ်းညွှန်ခဲ့ကြောင်း၊ ဤလမ်းညွှန်မှုဆိုင်ရာစာတမ်းသည် SCO ၏ လာမည့် ၁၀ နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမူ သတ်မှတ်ပေးပြီး ဦးတည်ချက်ကို တိကျစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ဒုတိယကမ္ဘာစစ်အောင်ပွဲ ရလဒ်များကို ကာကွယ်ပေးသော တရားမျှတသည့် အသံများ ထုတ်လွှင့်ခဲ့ကြောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများသည် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ဖူးကြပြီး ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ခဲ့ကာ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်ပွဲအတွက် အရေးပါသော အကျိုးကို ထမ်းဆောင်ခဲ့ကြကြောင်း၊ သမိုင်းကို မှတ်သားခြင်းနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ခြင်းသည် SCO မိသားစုကြီး၏ ဘုံဆန္ဒဖြစ်လာခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အောင်ပွဲနှင့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့်၏ အရေးပါသောအခိုက်အတန့်တွင် ထိပ်သီးအစည်းအဝေးက အထူးကြေညာချက်ထုတ်ပြန်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းအား သမိုင်းမှ သင်ခန်းစာယူ၍ မှန်ကန်သောဒုတိယကမ္ဘာစစ်အမြင်ကို လက်ကိုင်ထားရန်၊ ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်ကို ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်းခဲ့ပြီး SCO အနေဖြင့် သမိုင်း၏ မှန်ကန်သောဘက်၊ တရားမျှတမှု၊ သမာသမတ်ကျမှုရှိသည့်ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံသော တရားမျှတသည့် ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း၊ တစ်ဖက်သတ် အနိုင်ကျင့်မှုများ ပြန်လည်ပေါ်ပေါက်လာခြင်းနှင့် ရင်ဆိုင်ရချိန်တွင် ထိပ်သီးအစည်းအဝေးက ကြေညာချက် ထုတ်ပြန်သည့်ပုံစံဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အား ဗဟိုပြုသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အထင်အရှား ထောက်ခံအားပေးခဲ့ပြီး WTO စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သော တစ်ဖက်သတ်လုပ်ဆောင်မှုများကို ဖယ်ရှားရန် တိုက်တွန်းခဲ့သလို တရားမျှတမှုကိုလိုလားပြီး ဗိုလ်ကျကြီးစိုးမှု မလိုလားသော၊ တံခါးဖွင့်လှစ်မှုရှိသော ကမ္ဘာ့စီးပွားရေးကို ကာကွယ်ရန် အားစိုက်ဆောင်ရွက်သော ဘုံတောင်းဆိုသံများကို ထုတ်လွှင့်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် “လုံခြုံရေးစင်တာလေးခု” အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် သဘောတူညီမှုများကို လက်မှတ်ရေးထိုးကာ SCO ၏ လုံခြုံရေးခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရေး အထွေထွေစင်တာနှင့် ၎င်း၏ သတင်းအချက်အလက်လုံခြုံရေးစင်တာ၊ နိုင်ငံဖြတ်ကျော်၍ အစီအစဉ်တကျ ပြစ်မှုကျူးလွန်ခြင်းများအား တိုက်ဖျက်ရေးစင်တာနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာ တည်ထောင်ကြောင်း ကြေညာခဲ့ပြီး “လုံခြုံရေးစင်တာလေးခု” ဖွင့်လှစ်ဖော်ဆောင်ခြင်းကို မျက်မြင်သက်သေပြုခဲ့ကြကြောင်း၊ ယင်းမှာ SCO ၏ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွင် နောက်ထပ် အရေးပါသောတိုးတက်မှုတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ခြိမ်းခြောက်မှုအသစ်များနှင့် စိန်ခေါ်မှုအသစ်များ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို ဘက်စုံမြှင့်တင်ပေးမည်ဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ထိန်းသိမ်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဉ္စမအနေဖြင့် SCO ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ထူထောင်ရန် နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ထူထောင်ရေး အဆိုပြုချက်ကို တင်သွင်းခဲ့ပြီး ယခုအခါ နောက်ဆုံးတွင် ရလဒ်အသီးအပွင့်များကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ SCO အနေဖြင့် ဤလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်မည်ဖြစ်ကာ ယူရေးရှားဒေသတွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းအသစ်တစ်ခု ထပ်တိုးမည်ဖြစ်ပြီး ယင်းက SCO နိုင်ငံများ၏ အခြေခံအဆောက်အအုံများတည်ဆောက်ရေးနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံအတွက် ဖြစ်စေ၊ ယင်းဒေသတွင်းအတွက်ဖြစ်စေ ချီးကျူးဂုဏ်ပြုထိုက်သော သတင်းကောင်းတစ်ရပ် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆဋ္ဌမအနေဖြင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ၆ ခု ထူထောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) စွမ်းအင်၊ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ၃ ခုနှင့် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု၊ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းနည်းပညာ၊ ပညာရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ ၃ ခုကို ထူထောင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ကြေညာခဲ့ကြောင်း၊ အထက်ဖော်ပြပါ ပလက်ဖောင်းများနှင့် စင်တာများသည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်ဖြင့် SCO အား အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးရန် ရည်ရွယ်ပြီး SCO နိုင်ငံအားလုံးထံ တံခါးဖွင့်လှစ်ကာ ဒေသတွင်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်အသစ်များ ဖြည့်တင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတ္တမအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု စီမံချက် ၆ ရပ်ကို ရေးဆွဲချမှတ်ခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးတွင် စွမ်းအင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်း၊ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တုနှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ၅ စောင်နှင့် လက်ရှိတွင် တက်ကြွစွာ တွန်းအားပေးဆောင်ရွက်လျက်ရှိသော တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နိုင်ငံများကြား ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု စီမံချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ဤလှုပ်ရှားမှုစီမံချက်ကြီး ၆ ရပ်သည် “အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား + ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု + ထုတ်ကုန်လုပ်ငန်းကွင်းဆက်ပူးပေါင်းဆောင်ရွက်မှု” ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းမှုကို လုပ်ဆောင်ခဲ့ရာ SCO လက်တွေ့ကျ လုပ်ဆောင်ရေး၊ အားကောင်းလာစေရေးအတွက်အပြင် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအထောက်အကူတစ်ခုအဖြစ် စွမ်းဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဋ္ဌမအနေဖြင့် SCO ပြုပြင်ပြောင်းလဲရေးတွင် အောင်မြင်မှုအသစ်များဖော်ဆောင်နိုင်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထျန်းကျင်းထိပ်သီးအစည်းအဝေးက SCO လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများကို ပေါင်းစည်း၍ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မိတ်ဖက်များ” ဟု တစ်သားတည်း သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဤသည်မှာ SCO ၏ လည်ပတ်မှုယန္တရားကို ပြည့်စုံစေရန်နှင့် အားကောင်းစေရန်အတွက် အရေးကြီးသောအစီအမံဖြစ်ပြီး အဖွဲ့၏မူဘောင်ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေရန်၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စေရန်၊ လည်ပတ်မှု ပိုမိုထိရောက်မှုရှိစေရန် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကာ SCO မိသားစုကြီး အသိစိတ်ဓာတ်ကို ပိုမိုရှင်းလင်းတိကျစေခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးက လာအိုနိုင်ငံကို မိတ်ဖက်အဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ပြီး SCO မိသားစုကြီး၏ အဖွဲ့ဝင်အရေအတွက်သည် ၂၇ နိုင်ငံအထိ တိုးပွားလာရာ စိတ်တူကိုယ်တူရှိသော အဖွဲ့သည် ဆက်လက်၍ အင်အားကြီးထွားတောင့်တင်းလာလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
上合组织天津峰会|王毅介绍上合组织天津峰会八大成果
新华社天津9月1日电(记者冯歆然、张宇琪)9月1日,上合组织天津峰会结束之际,中共中央政治局委员、外交部长王毅在峰会新闻中心同上合组织秘书长叶尔梅克巴耶夫共同会见中外记者并答问。
王毅介绍了本届峰会取得的八大成果:
一是制定了上合组织未来10年发展战略。这一管总的战略明确指出,成员国将遵循“上海精神”,坚持互利合作、相互成就,为构建多极世界作出更多贡献。这一纲领性文件为上合组织未来10年发展定下了基调、明确了方向。
二是发出了捍卫二战胜利成果的正义声音。上合组织成员国人民曾并肩作战,抵抗侵略,为世界反法西斯战争胜利作出重大贡献。铭记历史、维护和平已成为上合组织大家庭的共同意志。值此第二次世界大战胜利和联合国成立80周年的重要节点,峰会发表专题声明,呼吁国际社会以史为鉴,坚持正确二战史观,维护以联合国为核心的国际体系,宣示上合组织将坚定站在历史正确一边、站在公平正义一边。
三是表明了支持多边贸易体制的公正立场。面对单边霸凌沉渣泛起,峰会以发表声明形式旗帜鲜明地支持以世贸组织为核心的多边贸易体制,呼吁消除违反世贸组织规则的单边行径,发出了要公道不要霸道、致力于维护开放型世界经济的共同呼声。
四是落地了“四个安全中心”。成员国领导人签署协定,宣布成立上合组织应对安全威胁与挑战综合中心及其信息安全中心、打击跨国有组织犯罪中心,以及上合组织禁毒中心,见证“四个安全中心”揭牌落地。这是上合组织安全合作的又一重大进展,将全面提升成员国应对新威胁新挑战能力,更有效维护地区和平安宁。
五是做出了成立上合组织开发银行的政治决定。中方10多年前提出成立开发银行倡议,这次终于瓜熟蒂落。上合组织将启动这一进程,欧亚地区将增加一个多边合作的新平台,将会有力促进上合组织国家基础设施建设和经济社会的发展,无论对成员国还是本地区来说,都是一件值得庆祝的好事。
六是设立了6个务实合作平台。习近平主席宣布,中方将成立中国-上合组织能源、绿色产业、数字经济三大合作平台,以及科技创新、高等教育、职业技术教育三大合作中心。上述平台和中心旨在以中国新发展为上合组织提供新机遇,向所有上合组织国家开放,为地区可持续发展注入新动能。
七是制定了6项高质量发展行动计划。峰会发表关于促进能源可持续发展、绿色产业、数字经济、人工智能、科技创新合作5份声明,加上正在积极推进的中国-上合组织国家经贸合作高质量发展行动计划。这6大行动计划,打出了“新质生产力+贸易投资+产业链合作”的高质量发展组合拳,为做实做强上合组织,也为成员国发展赋能提供了重要抓手。
八是推动上合组织改革实现新的突破。天津峰会决定将上合组织观察员国和对话伙伴合并为统一的“上合组织伙伴”。这是完善和加强上合组织运行机制的重要举措,将推动组织架构更优化、合作更紧密、运行更高效,上合大家庭的意识更明确。峰会还决定接收老挝为伙伴,上合组织大家庭成员增至27个,志同道合的队伍继续壮大。(完)
图说:9月1日,上合组织天津峰会结束之际,中共中央政治局委员、外交部长王毅在峰会新闻中心同上合组织秘书长叶尔梅克巴耶夫共同会见中外记者并答问。 新华社记者 李然 摄