Connect with us

China

ဆင်ဟွာသတင်းဌာနနှင့် ဥရုဂွေးမီဒီယာများက တရုတ်-ဥရုဂွေး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများအား အတူတကွ ကောင်းမွန်စွာ တင်ဆက်သွားမည်

ကူမင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ Think Tank အဆင့်မြင့်ဖိုရမ် တက်ရောက်လာသည့် ဥရုဂွေးနိုင်ငံ သမ္မတအိမ်တော် သတင်းဗျူရို အကြီးအကဲ Martin Alejandro Lees Lima နှင့် စက်တင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက လတ်တလောနှစ်ပိုင်းအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်ဦးဆောင်မှုအောက်တွင် တရုတ်-ဥရုဂွေး ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် ပြည့်ဝသောရလဒ်များ ရရှိခဲ့ကြောင်း၊ မီဒီယာ ပူးပေါင်းဆောင်ရွက်မှုမှာ နိုင်ငံအချင်းချင်း သွားလာဆက်ဆံမှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ဥရုဂွေးနိုင်ငံ သမ္မတအိမ်တော် သတင်းဗျူရို၊ ဥရုဂွေး မီဒီယာ Think Tank များနှင့်အတူ တရုတ်-ဥရုဂွေး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများအား အတူတကွ ကောင်းမွန်စွာ တင်ဆက်သွားလိုပြီး “တောင်ဘက်ခြမ်းအသံ” များကို ကျယ်လောင်စွာ ထုတ်ဖော်ပြောကြားသွားလိုကြောင်း၊ ဥရုဂွေးနိုင်ငံဘက်မှ ပိုမိုများပြားသည့် လုပ်ငန်းတူသူများ ဆင်ဟွာသတင်းဌာနမှ စတင်ဖော်ဆောင်သော ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank ပူးပေါင်းဆောင်ရွက်မှု ဖြန့်ချိရေး မိတ်ဖက်အစီအစဥ်တွင် ပါဝင်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Martin Alejandro Lees Lima က ဆင်ဟွာသတင်းဌာနက ဖိုရမ်တွင် ပါဝင်တက်ရောက်ရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် မီဒီယာ Think Tank ဖလှယ်မှုကို မြှင့်တင်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ အသံများကို ကောင်းမွန်စွာ ဖြန့်ချိသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
新华社将同乌拉圭媒体共同讲好中乌友好合作故事
新华社昆明9月5日电(记者袁睿、胡了然)新华社社长傅华5日在昆明会见来华出席2025“全球南方”媒体智库高端论坛的乌拉圭总统府新闻局局长马丁·莱斯。
傅华表示,近年来,在两国元首战略引领下,中乌关系发展取得丰硕成果。媒体合作在国与国交往中发挥着重要作用,新华社愿同乌总统府新闻局及乌媒体智库共同讲好中乌友好合作故事、唱响“南方声音”。期待乌方更多同行加入新华社发起的全球南方媒体智库合作传播伙伴计划。
莱斯表示,感谢新华社邀请参与论坛,期待通过此访加强媒体智库交流,传播好全球南方的声音。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.