China
ကျောက်လဲ့ကျိနှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမား တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမားနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျောက်လဲ့ကျိက ပြောင်းလဲရှုပ်ထွေးနေသော နိုင်ငံတကာအခြေအနေတွင် တရုတ်-ဗြိတိန် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အရေးပါသော ခေတ်ကာလ၏ တန်ဖိုးနှင့် ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။
အဆွေတော်ဝန်ကြီးချုပ်က အလုပ်သမားပါတီကို ဦးဆောင်ကာ အာဏာရရှိလာပြီးနောက် သမ္မတ ရှီကျင့်ဖိန်သည် အဆွေတော်နှင့် ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား တိုးတက်ကောင်းမွန်စေမည့် လမ်းကြောင်းမှန်၌ လျှောက်လှမ်းရန် လမ်းညွှန်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံဘက်နှင့်အတူ မဟာဗျူဟာမြောက် မိတ်ဖက်အနေအထားကို ထိန်းသိမ်းထားပြီး အပြုသဘောဆောင်၍ လက်တွေ့ကျသော၊ တည်ငြိမ်၍ အပြန်အလှန် အကျိုးရှိသော မှန်ကန်သော ဦးတည်ချက်ကို လက်ကိုင်ထားရန်၊ အနှောင့်အယှက်များကို ဖယ်ရှားရန်၊ သဘောထားကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ တရုတ်-ဗြိတိန်ဆက်ဆံရေး တည်တည်ငြိမ်ငြိမ်၊ ခိုင်ခိုင်မာမာ၊ ရေရှည် လျှောက်လှမ်းရေးကို သေချာစေရန် ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံဘက်နှင့်အတူ စိတ်တူကိုယ်တူ လျှောက်လှမ်းကာ နှစ်နိုင်ငံ ဥပဒေပြုအဖွဲ့အစည်းများကြား ပုံမှန်ကူးလူးဆက်ဆံမှု ပြန်လည်ထူထောင်ရေးအတွက် အတူတကွ ကြိုးပမ်းရန် ဆန္ဒရှိကြောင်း၊ ဗြိတိန်လွှတ်တော်အမတ်များ တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ကြည့်ရှုပြီး စစ်မှန်သော၊ ရုပ်လုံးပေါ်သော၊ ဘက်စုံဖြစ်သော တရုတ်နိုင်ငံကို သိမြင်ခံစားရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ကီယာစတားမားက ဗြိတိန်နှင့် တရုတ်အကြားတွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများ ရှိပြီး ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံဘက်နှင့်အတူ ရေရှည်တစ်သမတ်တည်းဖြစ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း၊ ဗြိတိန်သည် ထိုင်ဝမ်အရေးတွင် ရေရှည်လက်ကိုင်ထားသော မူဝါဒများကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ နှစ်ဖက် ဥပဒေပြုအဖွဲ့အစည်းများအကြား ပုံမှန်ကူးလူးဆက်ဆံမှု ပြန်လည် ရရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
赵乐际会见英国首相斯塔默
新华社北京1月29日电 全国人大常委会委员长赵乐际29日上午在北京会见英国首相斯塔默。
赵乐际表示,在变乱交织的国际形势下,发展好中英关系具有重要时代价值和全球意义。首相先生带领工党执政后,习近平主席同你通话、会晤,引领双边关系走上改善发展的正轨。中方愿同英方一道,秉持战略伙伴定位,把握积极务实、稳定互惠的正确方向,排除干扰,妥处分歧,确保中英关系走得稳、走得实、走得远。中方愿同英方相向而行,共同努力恢复两国立法机构正常交往,欢迎英国议员来华参访,感知真实、立体、全面的中国。
斯塔默表示,英中拥有广泛共同利益,英方愿同中方发展长期连贯的战略伙伴关系。英方在台湾问题上长期坚持的政策不会改变。希望双方立法机构恢复正常交往。(完)
图说:1月29日上午,全国人大常委会委员长赵乐际在北京会见英国首相斯塔默。 新华社记者 李涛 摄
