China
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂျပန်၏ “စစ်ရေးဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသား ဖယ်ကြဉ်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ လက်နက်တင်ပို့မှုကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းနှင့်သက်ဆိုင်သည့် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ မေးခွန်း ဖြေကြားရာတွင် တရုတ်နိုင်ငံသည် ယင်းအပေါ် ပြင်းထန်စွာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဒုတိယကမ္ဘာစစ်အောင်ခြင်းရလဒ်များနှင့် စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်ကို အတူတကွ ကာကွယ်သင့်ပြီး ဂျပန်၏ “စစ်ရေးဝါဒပုံစံသစ်” ဆင်ခြင်မဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ဖယ်ကြဉ် သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ကာကွယ်ရေးပစ္စည်း တင်ပို့မှု ဖြေလျှော့ရန် အစိုးရအား တိုက်တွန်းသည့် အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ယခင်က တားမြစ်ထားသော အသက်အန္တရာယ်ရှိသည့် လက်နက်များ တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ကြောင်း၊ ယင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ မှတ်ချက်ပြုပါသနည်းဟု သတင်းထောက်က ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
ကျူးကျော်သမိုင်းများကြောင့် ဂျပန်နိုင်ငံ၏ စစ်ရေး လုံခြုံရေး ဦးတည်ချက်များကို အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အစဉ်အမြဲ အာရုံစိုက်လျက်ရှိကြောင်း၊ မကြာသေးမီနှစ်များတွင် ဂျပန်နိုင်ငံသည် လုံခြုံရေးမူဝါဒများကို သိသိသာသာ ချိန်ညှိမှုများ ပြုလုပ်ခဲ့ပြီး ဂျပန်အရာရှိများက “နျူကလီးယားပိုင်ဆိုင်ရေး” ကို လူသိရှင်ကြား ထောက်ခံအားပေးခဲ့ကြပြီး “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြသလို လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့ကြရာ ယင်းမှာ စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်နှင့် ပြည်တွင်းဥပဒေ၏ ကန့်သတ်ချက်များကို ချိုးဖျက်သော၊ “ထပ်မံ၍ စစ်ရေးအသွင်ပြောင်းရေး” ကို ကြိုးပမ်းသော ဂျပန်လက်ယာယိမ်းအင်းအားစု၏ လောဘစိတ်များကို ထပ်မံဖော်ထုတ်ခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒါကို အထူးသတိပြုသင့်ပါတယ်။ ဒုတိယကမ္ဘာစစ်အောင်ခြင်းရလဒ်တွေနဲ့ စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်တွေကို အတူတကွ ကာကွယ်သင့်ပြီး ဂျပန်ရဲ့ “စစ်ရေးဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသား ဖယ်ကြဉ် သင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:国际社会应坚决抵制日本“新型军国主义”妄动
新华社北京2月25日电(记者邵艺博、朱超)外交部发言人毛宁2月25日就日本自民党有关松绑武器出口的最新动向答问时表示,中方对此表示严重关切。国际社会应携手捍卫二战胜利成果和战后国际秩序,坚决抵制日本“新型军国主义”妄动。
当日例行记者会上,有记者问:日本执政党自民党通过了呼吁政府放宽防卫装备出口的提案,松绑此前被禁止的致命武器出口。外交部对此有何评论?
毛宁表示,由于侵略历史,日本的军事安全动向一直备受亚洲邻国和国际社会关注。近年来日本大幅调整安保政策,日方官员还公开鼓噪“拥核”,谋求修改“无核三原则”,取消武器出口限制,再次暴露了日本右翼势力突破战后国际秩序和国内法的约束、谋求“再军事化”的野心。
“国际社会对此应高度警惕,携手捍卫二战胜利成果和战后国际秩序,坚决抵制日本‘新型军国主义’妄动。”毛宁说。(完)
