Connect with us

China

ဟယ်လိဖုန်းနှင့် ဂျာမနီ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ် လိုက်ပါလာသော ဂျာမနီစီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ် လိုက်ပါလာသော ဂျာမနီစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ပြီး တရုတ်-ဂျာမနီ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။

တရုတ်-ဂျာမနီတို့သည် အပြန်အလှန်၏ အရေးပါသော ကုန်သွယ်စီးပွားရေး မိတ်ဖက်ဖြစ်ရာ နှစ်ဖက်၏ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အုတ်မြစ်ခိုင်ခံ့ပြီး အလားအလာပြည့်ဝကာ အပြန်အလှန် ဖြည့်စွက်မှု အားကောင်းကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပြင်ပသို့ အဆင့်မြင့် တံခါးဖွင့်လှစ်ခြင်းကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက် စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခဲ့ရာ တရုတ်-ဂျာမနီ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော အလားအလာနှင့် အခွင့်အလမ်းများ ပံ့ပိုးပေးနိုင်ကြောင်း၊ ဂျာမနီကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်၊ တရုတ်-ဂျာမနီ ကုန်သွယ်စီးပွားရေးတွင် တက်ကြွစွာ ပါဝင်ရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် အကောင်းမြင်၍ တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို တစ်ဆင့်တိုး တိုးချဲ့ရန်၊ တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများကို အတူမျှဝေခံစားရန် ဆန္ဒရှိကြောင်း ဂျာမနီစီးပွားရေး ကိုယ်စားလှယ်အဖွဲ့မှ သက်ဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများက ပြောကြားခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
何立峰会见德国经济代表团
新华社北京2月25日电 中共中央政治局委员、国务院副总理何立峰25日下午在人民大会堂会见随德国总理默茨访华的德国经济代表团,双方就深化中德经贸合作等问题交换了意见。
何立峰表示,中德互为重要经贸伙伴,双边经贸合作基础牢、潜力足、互补性强。中国正持续推进高水平对外开放,促进经济高质量发展,可为中德经贸合作提供广阔空间和机遇。欢迎德国企业继续投资中国,积极参与中德经贸合作。
德国经济代表团相关企业表示,看好中国经济发展前景,愿进一步扩大对华投资,共享中国式现代化发展机遇。(完)
图说:2月25日下午,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见随德国总理默茨访华的德国经济代表团。 新华社记者 岳月伟 摄