Connect with us

China

အမေရိကန်-အီရန် အပြုသဘောပုံစံဖြင့် ထိတွေ့ဆက်ဆံရန် မျှော်လင့်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ JD Vance ဦးဆောင်သော အမေရိကန် ဆွေးနွေးရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၁ ရက်တွင် အစ္စလာမ်မာဘတ်မြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ အမေရိကန်-အီရန် အပြုသဘောပုံစံဖြင့် ထိတွေ့ဆက်ဆံရန် ပါကစ္စတန်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ ကြည်

းတပ်စစ်ဦးစီးချုပ် Asim Munir နှင့် ပြည်ထဲရေးဝန်ကြီး Mohsin Naqvi တို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သက်ဆိုင်သူများအနေဖြင့် အပြုသဘောပုံစံဖြင့် ထိတွေ့ဆက်ဆံရန် မျှော်လင့်ကြောင်း Mohammad Ishaq Dar ပြောကြားခဲ့သည်။ 

ပဋိပက္ခနှင့်စပ်လျဉ်း၍ ရေရှည်နှင့် စဉ်ဆက်မပြတ်ဖြစ်သော ဖြေရှင်းမှုနည်းလမ်း ရရှိရန် ပါကစ္စတန်အနေဖြင့် တွန်းအားမြှင့်တင်ပေးသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ အမေရိကန်-အီရန် ဆွေးနွေးပွဲဆိုင်ရာ သတင်းစင်တာ ပြင်ပ၌ ဆွေးနွေးပွဲကြော်ငြာဆိုင်းဘုတ်အား ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပုံစာ ၂ – ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ အမေရိကန်-အီရန် ဆွေးနွေးပွဲဆိုင်ရာ သတင်းစင်တာအတွင်းမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————————–

(Chinese Version)

巴基斯坦外长:希望美伊以建设性方式开展接触新华社伊斯兰堡4月11日电(记者邹学冕 杨恺)巴基斯坦外交部11日发表声明说,由美国副总统万斯率领的美高级别谈判代表团当天抵达伊斯兰堡,巴方希望美伊以建设性方式开展接触。   声明说,巴副总理兼外交部长达尔、陆军参谋长穆尼尔和内政部长纳克维在机场迎接。达尔表示希望有关各方以建设性方式开展接触,重申巴方愿继续发挥促进作用,推动各方就冲突达成持久、可持续的解决方案。(完)1. 这是4月11日在巴基斯坦伊斯兰堡的美伊谈判新闻中心外拍摄的谈判相关海报。新华社发(王申摄)2. 这是4月11日在巴基斯坦伊斯兰堡拍摄的美伊谈判新闻中心内部。新华社发(王申摄)