China
ဟောင်ကောင်တက္ကသိုလ် ၅ ခု ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ တွင် ပါဝင်

ဟောင်ကောင်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဗြိတိန်အခြေစိုက် Times Higher Education (THE) က ထုတ်ပြန်သည့် ၂၀၂၆ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တွင် ဟောင်ကောင် တက္ကသိုလ်များသည် ထိပ်ပိုင်းနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀၀ စာရင်းတွင် ဟောင်ကောင်တက္ကသိုလ် ၅ ခု ပါဝင်ခဲ့သည်။
ဟောင်ကောင်အထူးစီမံအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ ပညာရေးဌာနပြောခွင့်ရသူတစ်ဦးက အောက်တိုဘာ ၉ ရက်က ရလဒ်ကောင်းများသည် ဟောင်ကောင်ဘွဲ့လွန်ပညာရေးကဏ္ဍ၏ အကောင်းဆုံးကြိုးပမ်းအားထုတ်မှုနှင့် စွမ်းဆောင်နိုင်မှုကို အပြည့်အဝအသိအမှတ်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရလဒ်များသည် ဟောင်ကောင်ကို ဘွဲ့လွန်ပညာရေးအချက်အချာအဖြစ်ဖွံ့ဖြိုးရေးအတွက် HKSAR အစိုးရ၏ အရေးပါသည့်တိုးတက်မှုများကို သက်သေပြုလျက်ရှိသည်။
အဆင့်သတ်မှတ်ချက်များအရ ဟောင်ကောင်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် ၃၃ နေရာတွင်ရှိပြီး နှစ်ဆင့်မြင့်တက်ခဲ့သည်။ ဟောင်ကောင်တရုတ်ဘာသာတက္ကသိုလ်သည် ၄၁ နေရာရရှိပြီး သုံးဆင့်တက်ခဲ့ကြောင်း သိရသည်။ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ရှစ်ဆင့်ခုန်တက်ကာ ၅၈ နေရာရရှိခဲ့ပြီး ဟောင်ကောင်စီးတီးတက္ကသိုလ်က ၇၅ နေရာတွင်ရှိကာ သုံးနေရာတက်လာခဲ့ရာ ဟောင်ကောင်ပိုလီတက္ကနစ် တက္ကသိုလ်က တစ်ဆင့်တက်ကာ ၈၃ နေရာတွင် ရှိခဲ့သည်။
Hong Kong Baptist တက္ကသိုလ်သည် အဆင့် ၂၅၀ နှင့် ၃၀၀ ကြားရှိရာမှ ၂၀၁ နှင့်၂၅၀ ကြားအုပ်စုသို့တက်လာခဲ့သည်။ ဟောင်ကောင်ပညာရေးတက္ကသိုလ်နှင့် လျင်နန်တက္ကသိုလ်တို့သည်လည်း ပထမဆုံးအဖြစ် အဆင့်သတ်မှတ်ချက်တွင် ပါဝင်လာပြီး အဆင့် ၁၉၅ ရရှိခဲ့ပြီး အဆင့် ၃၀၁ မှ ၃၅၀ ကြားအုပ်စုတွင် အသီးသီး ရပ်တည်ခဲ့ကြသည်။ (Xinhua)
………….
(English Version)
Hong Kong maintains 5 universities in global top 100
HONG KONG, Oct. 9 (Xinhua) — According to the World University Rankings 2026 released by the Britain-based Times Higher Education (THE), Hong Kong universities have continued to hold top spots, with five institutions ranked in the global top 100.
A spokesperson for the Education Bureau of the Hong Kong Special Administrative Region (HKSAR) government said on Thursday that the encouraging results fully recognized the achievements of Hong Kong’s post-secondary education sector in its pursuit of and endeavor for excellence. The results also served as testimony to the HKSAR government’s significant progress in developing Hong Kong into an international post-secondary education hub.
According to the rankings, the University of Hong Kong rose two places to 33rd globally; the Chinese University of Hong Kong moved up three places to 41st; the Hong Kong University of Science and Technology jumped eight places to 58th; City University of Hong Kong advanced three places to 75th; and the Hong Kong Polytechnic University climbed one place to 83rd.
In addition, Hong Kong Baptist University rose from the 251-300 band to the 201-250 band. The Education University of Hong Kong and Lingnan University entered the rankings for the first time, ranking 195th and in the 301-350 band, respectively.
Photo: Aerial photo taken on Aug. 16, 2022 shows the campus of the Hong Kong University of Science and Technology (Guangzhou) in Guangzhou, south China’s Guangdong Province. (Xinhua/Liu Dawei)