China
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးအတွက် တရုတ်နိုင်ငံသို့ လာရောက်ရန် ဆွစ်ဇာလန်ကို ဖိတ်ခေါ်

ဘယ်လင်ဇိုးနား၊ ဆွစ်ဇာလန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “ခေတ်သစ် ဝေါ်လ်တာဘော့စ်ဟက်ဒ်များ” ဖြစ်လာမည့် ဆွစ်ဇာလန်မိတ်ဆွေများကို တရုတ်နိုင်ငံက ပို၍ ကြိုဆိုနေကြောင်း အောက်တိုဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး အက်ဂ်နာဇီယို ကက်စ်ဆစ်က ဘယ်လင်ဇိုး နားမြို့၌ လက်ခံကြိုဆိုတွေ့ဆုံခဲ့သည့် အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်က မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးဖလှယ်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
၁၉၃၀ ပြည့်လွန်နှစ်ကာလများဆီက ဆွစ်ဇာလန်နိုင်ငံသား ဂျာနယ်လစ် ဝေါ်လ်တာဘော့စ်ဟက်ဒ်မှာ တရုတ်နိုင်ငံသို့ ခက်ခက်ခဲခဲ ခရီးနှင်ကာ ရောက်ရှိခဲ့ကြောင်း၊ စစ်ပွဲကာလအတွင်းက CPC အခြေစိုက်ခဲ့သည့် Yan’an မြို့နှင့် ဆန်ရှီးပြည်နယ်ရှိ အဓိကတော်လှန်ရေးစခန်းတစ်ခုသို့ ရောက်ရှိခဲ့သော ပထမဆုံးဥရောပတိုက်သားဂျာနယ်လစ်ဖြစ်ခဲ့ကာ ဥက္ကဋ္ဌကြီးမော်စီတုန်းနှင့် တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သူလည်း ဖြစ်ခဲ့ကြောင်း ဝမ်က ပြန်ပြောင်းပြောကြားခဲ့သည်။
ယင်းအချိန်က နိုင်ငံတကာအသိုက်အဝန်းတွင် CPC နှင့်ပတ်သက်၍ မှားယွင်းသည့် သတင်းများစွာ ထွက်ပေါ်နေချိန်ဖြစ်ပြီး ဘော့စ်ဟက်ဒ်ကလည်း Yan’an သို့ ပထမဆုံးအကြိမ်ရောက်ပြီးနောက် ၎င်း၏ ကိုယ်တွေ့အတွေ့အကြုံကို အခြေခံကာ CPC သည် စည်းမျဥ်းစည်းကမ်း၊ အကောင်းဆုံးစံနှုန်းများရှိသည့် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုနေခြင်းကြောင့် “တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သည် Yan’an အပေါ်တွင် မူတည်နေသည်” ဟု ဘော့စ်ဟက်ဒ်က ရေးသားခဲ့မှုကိုလည်း ဝမ်က ပြန်ပြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရှည်လျားသောသမိုင်းကြောင်းနှင့်တစ်သမတ်တည်း ဖွံ့ဖြိုးတိုးတက် ပြောင်းလဲ နေကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
အကယ်၍ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို အကြီးမားဆုံးအသွင်ပြောင်းလဲမှုနှင့် လျင်မြန်မှုအရှိဆုံး ဖွံ့ဖြိုး တိုးတက်မှုကို အောင်မြင်စွာရယူနိုင်ခဲ့သော နိုင်ငံရှိခဲ့မည်ဆိုပါက ယင်းနိုင်ငံမှာ တရုတ်နိုင်ငံသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပြည်သူပေါင်း သန်း ၈၀၀ ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင်ပြုလုပ်ပေးနိုင်ခဲ့ သလို ဝင်ငွေအလယ်အလတ်တန်းစားရှိ ပြည်သူပေါင်း သန်း ၅၀၀ နီးပါးရှိလာအောင် ပုံဖော်ပေးနိုင်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံ၏ ၁.၄ ဘီလီယံရှိသော ပြည်သူများသည် ပူးပေါင်းဆောင်ရွက်မှုအတွက် များပြားသည့် အခွင့်အလမ်းများရှိနေသော ခေတ်မီအသွင်ပြောင်းမှုဆီသို့ အတူတကွ ခရီးဆက် ချီတက်နေကြကြောင်းလည်း ဝမ်က အလေးအနက်ထား ပြောကြားခဲ့သည်။
အလားတူ အခွင့်အလမ်း၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံသို့ လာရောက်မည့် “ခေတ်သစ် ဝေါ်လ်တာဘော့စ်ဟက်ဒ်များ” ဖြစ်လာမည့် ဆွစ်ဇာလန်ပြည်သူမိတ်ဆွေများကိုလည်း တရုတ်နိုင်ငံက နွေးထွေးစွာကြိုဆိုကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Chinese FM invites Swiss to visit China to expand cooperation
BELLINZONA, Switzerland, Oct. 11 (Xinhua) — China welcomes more Swiss friends to become “new-era Walter Bosshards,” Chinese Foreign Minister Wang Yi said here Friday.
Wang, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks at a reception hosted by Swiss Federal Councillor and Foreign Minister Ignazio Cassis in Bellinzona, where he held exchanges with local officials.
Wang recalled that in the 1930s, Swiss journalist Walter Bosshard undertook an arduous journey to China, becoming the first European journalist to visit Yan’an, the CPC’s wartime headquarters and key revolutionary base in Shaanxi, and interview Chairman Mao Zedong.
At a time when there were many false reports about the CPC in the international community, Bosshard, drawing on his first-hand experience in Yan’an, wrote that China’s hope lay in Yan’an, as the CPC represented a union of discipline and ideals, Wang said.
Wang said China is a country with a long history and one that is constantly developing and transforming. If any country in the world has undergone the greatest transformation and achieved the fastest growth, it would be China, he said.
He noted that China has lifted 800 million people out of poverty, fostered a middle-income group of nearly 500 million, and that its 1.4 billion people are advancing together toward modernization — a process that contains enormous opportunities for cooperation.
China welcomes more Swiss friends to be “new-era Walter Bosshards” — people who visit the country to embrace cooperation, the future, and opportunity, Wang said. ■
Photo:
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, and Swiss Federal Councillor and Foreign Minister Ignazio Cassis meet the press in Bellinzona, Switzerland, Oct. 10, 2025. (Xinhua/Lian Yi)