China
တရုတ်ကားပျံ စမ်းသပ်ပျံသန်းမှုကို ယူအေအီး၌ ပြုလုပ်

ဒူဘိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကုမ္ပဏီ XPENG AEROHT မှ တီထွင်ထုတ်လုပ်ထားသော ကားပျံတစ်စီးသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီးနိုင်ငံ) ဒူဘိုင်းမြို့ပေါ်၌ အောက်တိုဘာ ၁၂ ရက်က ပျံသန်းခဲ့ပြီး တရုတ်နိုင်ငံ၏ ဝေဟင်နိမ့်လေယာဉ်နည်းပညာ၏ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုတွင် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့သည်။
အဆိုပါပျံသန်းမှုတွင် ကုမ္ပဏီ၏ နောက်ဆုံးမျိုးဆက်မော်ဒယ်ဖြစ်သည့် Land Aircraft Carrier ကို ပြသခဲ့ပြီး ယင်းကားပျံမှာ “မိခင်ယာဉ်” ဟုရည်ညွှန်းသည့် မြေပြင်ယာဉ်တစ်စင်းနှင့် ဖြုတ်နိုင်တပ်နိုင်သော လေမော်ဂျူးတို့ ပါ၀င်သည်။
ထိုကားပျံသည် အလိုအလျောက် ပျံသန်းခြင်းနှင့် လူမှမောင်းနှင်ပျံသန်းစေခြင်းဟူ၍ ပျံသန်းမှုအမျိုးအစား နှစ်မျိုးလုံးကို စွမ်းဆောင်ပေးသည်။ အလိုအလျောက်ပျံသန်းရာတွင် မောင်းနှင်သူများသည် လမ်းကြောင်းများစီစဉ်ခြင်း၊ ထွက်ခွာခြင်းနှင့် ဆင်းသက်ခြင်းတို့ကို တစ်ချက်တို့ထိရုံဖြင့် ဆင်းသက်နိုင်သလို လူမှမောင်းနှင်ပျံသန်းစေရာ၌မူ မောင်းတံတစ်ချောင်းတည်းဖြင့် ထိန်းချုပ်သည့်စနစ်က လုပ်ဆောင်ချက်ခြောက်ခုကို တစ်ခုတည်းသော ပဲ့ထိန်းမဏ္ဍိုင်အဖြစ် ပေါင်းစပ်ပေးကာ လက်တစ်ဖက်တည်းဖြင့် ထိန်းချုပ်နိုင်စေသည်။
ပျံသန်းစဉ်အတွင်း လေမော်ဂျူး၏ ခွဲထွက်ခြင်းနှင့် ပြန်လည်ချိတ်ဆက်ခြင်း အစီအစဉ်အပြည့်အစုံကို သရုပ်ပြခဲ့သည်။
XPENG AEROHT ကုမ္ပဏီသည် ဒေသတွင်း၌ ကားပျံအစီးရေ ၆၀၀ အတွက် ကြိုတင်မှာယူမှုများ လက်ခံရရှိထားပြီးဖြစ်ပြီး ကုမ္ပဏီ၏ ယနေ့အထိ အကြီးဆုံးပြည်ပ အစုလိုက် ဝယ်ယူမှုဖြစ်သည်။
ဒူဘိုင်းနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် အိုးပေါင်ချန်း က အောင်မြင်သော ပျံသန်းမှုကို ချီးကျူးခဲ့ပြီး တရုတ်နှင့် ယူအေအီး နှစ်နိုင်ငံစလုံးသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်မှုအဖြစ် မှတ်ယူကြောင်း အလေးပေးပြောကြားခဲ့သည်။
ဤနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးလုပ်ငန်းများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန်အတွက် နှစ်ဖက်စလုံးမှ စီးပွားရေးအသိုက်အဝန်းအတွက် ကောင်းမွန်သောပတ်ဝန်းကျင်ကို ပံ့ပိုးပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
XPENG AEROHT ကုမ္ပဏီ၏ တည်ထောင်သူ ကျောက်တယ်လိက အရှေ့အလယ်ပိုင်း၏ အနာဂတ်ရွေ့လျားသွားလာရေးဈေးကွက်တွင် အားကောင်းသော ယုံကြည်မှုကို ဖော်ပြခဲ့ပြီး သရုပ်ပြပွဲအတွက် ဒူဘိုင်းမြို့ကိုရွေးချယ်ရာ၌ အဓိကအချက်များအဖြစ် ဒူဘိုင်း၏ နည်းပညာကိုလက်ခံကြိုဆိုမှု၊ ခိုင်မာသောစျေးကွက်တောင်းဆိုမှုနှင့် ထောက်ခံအားပေးသည့်အစိုးရမူဝါဒများကို မီးမောင်းထိုးပြခဲ့သည်။
ကုမ္ပဏီသည် ၂၀၂၇ ခုနှစ်တွင် ဒေသတွင်းဈေးကွက်၌ အဆိုပါကားပျံကို တရားဝင်မိတ်ဆက်ရန် စီစဉ်လျက်ရှိကြောင်း ကျောက်က ပြောကြားခဲ့သည်။
XPENG AEROHT က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ ရုံးစိုက်သည့် လျှပ်စစ်ကားထုတ်လုပ်သူ XPENG ၏ ကားပျံလုပ်ငန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ စမ်းသပ်ပျံသန်းနေသည့် တရုတ်ကုမ္ပဏီ XPENG AEROHT မှ တီထွင်သော ကားပျံတစ်စင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Chinese flying vehicle conducts demo flight in UAE
DUBAI, Oct. 12 (Xinhua) — A flying car developed by Chinese company XPENG AEROHT on Sunday took to the skies over Dubai, the United Arab Emirates (UAE), marking a significant step in the global reach of China’s low-altitude aircraft technology.
The flight showcased the company’s latest-generation model, the “Land Aircraft Carrier,” which comprises a ground vehicle, referred to as the “mothership”, and a detachable air module.
The aircraft offers both automatic and manual flight operations. In automatic mode, pilots can plan routes, take off, and land with one touch, while in manual mode, a single-stick control system combines six operations into one joystick, allowing for one-handed control.
During the flight, the full sequence of the air module’s detachment and reattachment was demonstrated.
XPENG AEROHT has secured orders of 600 flying cars in the region, the company’s largest overseas bulk purchase to date.
Chinese Consul General in Dubai Ou Boqian applauded the successful flight, emphasizing that both China and the UAE regard scientific and technological innovation as a core engine of economic development.
The bilateral cooperation in this field provides a favorable environment for enterprises and the business community from both sides to work hand in hand in expanding cooperation in the future, she noted.
Zhao Deli, founder of XPENG AEROHT, expressed strong confidence in the Middle East’s future mobility market, highlighting Dubai’s openness, robust market demand, and supportive government policies as key factors in selecting the city for the demonstration.
The company plans to officially launch the product in the regional market by 2027, according to Zhao.
XPENG AEROHT is the flying car affiliate of electric vehicle maker XPENG, headquartered in south China’s Guangdong Province. ■
English Caption 1
People view a flying car developed by Chinese company XPENG AEROHT in Dubai, the United Arab Emirates, Oct. 12, 2025. (Xinhua/Wen Xinnian)
English Caption 2
A flying car developed by Chinese company XPENG AEROHT is seen during a demo flight in Dubai, the United Arab Emirates, Oct. 12, 2025. (Xinhua/Wen Xinnian)