Connect with us

China

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တည်ထောင်မှု နှစ် ၈၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာပေးပို့

နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံသို့ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တည်ထောင်မှု နှစ် ၈၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၆ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
FAO သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှု သေချာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးမှုနှင့် စားနပ်ရိက္ခာ စနစ်များ အသွင်ပြောင်းလဲမှု မြှင့်တင်ရေး၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရေး စသည်တို့တွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရသည် စားနပ်ရိက္ခာဖူလုံမှုကို အလွန်အလေးအနက်ထားကြောင်း၊ ပြည်သူ ၁.၄ ဘီလီ ယံကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုသေချာစေရန်လည်း မိမိတို့ကိုယ်တိုင်အမှီပြုမှုကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာလိုအပ်နေသော နိုင်ငံများထံသို့လည်း တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်ထိန်းသိမ်းရန်အတွက်လည်း ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ရှီက အလေးပေးပြောကြားခဲ့သည်။
နိုင်ငံတကာစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည့် FAO ကို တရုတ်နိုင်ငံက အမြဲတစေပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ အကောင်အထည်ဖော်ရေး၊ ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အဆင့်မြှင့်တင်ရေး၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေး၊ နိုင်ငံအသီးသီးမှ ပြည်သူများ ချမ်းသာသုခ တိုးတက်စေရန် ကြီးမားသော အကျိုးဆောင်မှုအသစ် ဖော်ဆောင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူတကွ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း သမ္မတရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။
FAO ကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ကစတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံကလည်း ယင်းအဖွဲ့ကို တည်ထောင်သူအဖွဲ့ဝင်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Xi congratulates UN Food and Agriculture Organization on 80th anniversary
BEIJING, Oct. 16 (Xinhua) — Chinese President Xi Jinping on Thursday congratulated the Food and Agriculture Organization (FAO) of the United Nations on the 80th anniversary of its founding.
In the message, Xi said that the FAO has played an important role in ensuring global food security, promoting rural development and the transformation of food systems, and improving the living standards of people in various countries.
Xi emphasized that the Chinese government places high importance on food security, adheres to relying on itself to ensure the food supply for over 1.4 billion people, and provides assistance to countries in need within its capacity, contributing to safeguarding global food security.
China will, as always, support the FAO in playing an important role in the international food and agriculture sector, Xi said, noting China stands ready to join hands with the international community to implement the Global Development Initiative, advance the United Nations 2030 Agenda for Sustainable Development, promote the building of a community with a shared future for humanity, and make new and greater contributions to improving the well-being of people of all countries.
The FAO was established on October 16, 1945, and China is one of its founding members. ■
Photo
Chinese President Xi Jinping delivers a video speech to the United Nations Climate Summit 2025 held in New York on Sept. 24, 2025. (Xinhua/Huang Jingwen)