Connect with us

China

ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုက လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ တိုးတက်မှုကို အားအင်ဖြည့်တင်းပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ၂၀၂၅ ခုနှစ် တရုတ် နိုင်ငံတကာ Big Data လုပ်ငန်းကုန်စည်ပြပွဲအတွင်း စက်ရုပ်ခွေးလေးအား ကြည့်ရှုနေသည့် မိန်ကလေးတစ်ဦးကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှု စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းနှင့် အစိမ်းရောင် တိုးတက်မှုဆီသို့ အားဖြည့်ကူးပြောင်းခြင်းဖြင့် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အသိအမှတ်ပြုဖွယ် တိုးတက်မှု ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သောအပိုင်း၌ ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း ဆန်းသစ်တီထွင်မှုက တရုတ်နိုင်ငံအတွက် အဓိကကျသော တိုးတက်မှုမောင်းနှင်အားဖြစ်လာ‌ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်မှ တာဝန်ရှိသူ ရှန့်ဝေက ဆိုသည်။ ဒေသတွင်းအခြေအနေများနှင့် ကိုက်ညီမှုရှိသည့် အရည်အသွေးရှိသော ကုန်ထုတ်စွမ်းအားသစ်များ ဖော်ထုတ်ခြင်းဖြင့် တရုတ်နိုင်ငံသည် သိပ္ပံပညာရပ်ဆိုင်ရာသုတေသနနှင့် စက်မှုလုပ်ငန်းအသုံးချမှု အကြား နက်ရှိုင်းစွာပေါင်းစည်းလျက်ရှိကာ ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
တီထွင်ဆန်းသစ်မှု အားဖြည့်ခြင်းက သိသိသာသာ တိုးတက်မှုရှိလာခဲ့သည်။ ယမန်နှစ်က တရုတ်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) အသုံးစရိတ်မှာ ၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ ပြီးဆုံးချိန်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ကြောင်း သိရသည်။
R&D အား အလေးအနက်ထားလုပ်ဆောင်မှုမှာလည်း ၂.၆၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံများအဖွဲ့၏ ပျမ်းမျှအဆင့်သို့ ချဉ်းကပ်လာခဲ့ပြီး တရုတ်နိုင်ငံ၏ R&D ဝန်ထမ်းအရေအတွက်မှာလည်း ကမ္ဘာ့ပထမအဆင့်တွင် ရှိကြောင်း သိရသည်။
အဓိကကျသော နည်းပညာနယ်ပယ်များ၌ အောင်မြင်မှုများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ နျူကလီးယားစွမ်းအင်၊ မြန်နှုန်းမြင့်ရထားနှင့် ရေကြောင်းအင်ဂျင်နီယာရင်းကိရိယာ စသည့်နယ်ပယ်များ၌ အဆင့်မြှင့်တင်မှုများ ရရှိခဲ့သည်။ ထို့ပြင် ဉာဏ်ရည်တုနည်းပညာ၊ ကွမ်တမ်နည်းပညာ၊ လူလိုက်ပါသောအာကာယာဉ်ပျံသန်းမှု နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာမှု စသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံက ရှေ့ဆောင်အောင်မြင်တိုးတက်မှုများ ဆောင်ကြည်းပေးလျက်ရှိသလို ကမ္ဘာအဆင့် သမိုင်းမှတ်တိုင်များစွာလည်း ချမှတ်နိုင်ခဲ့ကြောင်း ရှန့်က မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးတိုးတက်မှုသုတေသနစင်တာမှ ဟယ်ကျန့်ဝူက တရုတ်နိုင်ငံသည် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၌လည်း သိသာထင်ရှားသော တိုးတက်မှု ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တပ်ဆင်မှုသည် အပူစွမ်းအင်ထက် သမိုင်းဝင်ကျော်လွန်သွားခဲ့ပြီး ယင်းမှာ ကျောက်မီးသွေးအပေါ် ကာလရှည်အမှီပြုနေရသော တရုတ်နိုင်ငံအတွက် အထင်ကရပြောင်းလဲမှုဖြစ်ကြောင်း သိရသည်။
စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကဏ္ဍအနေဖြင့် ကြည့်ပါကလည်း အထင်အရှားရှိခဲ့ကြောင်း၊ ယမန်နှစ် ဇူလိုင်လမတိုင်မီက တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော ခရီးသည်တင်ကားသစ်၏ ထက်ဝက်ကျော်မှာ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များဖြစ်ပြီး နိုင်ငံ၏ အစိမ်းရောင် အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကို အလေးထားပြသလိုက်ခြင်းဖြစ်ကြောင်း ဟယ်က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
(China Economic Roundtable) Innovation, green development fuel China’s growth in past five years
BEIJING, Oct. 17 (Xinhua) — China has achieved remarkable progress in high-quality development over the past five years, powered by continuous innovation and a sustained shift toward green growth, experts said at the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
According to Xiang Wei, an official with the National Development and Reform Commission, innovation has become a key growth engine for China during the 14th Five-Year Plan period (2021-2025). By fostering new quality productive forces adapted to local conditions, the country has deepened integration between scientific research and industrial application, yielding substantial outcomes, he said.
Innovation input has grown significantly. Last year, China’s research and development (R&D) spending had increased by nearly 50 percent compared with the end of the 13th Five-Year Plan period. R&D intensity increased to 2.69 percent, approaching the average level of Organization for Economic Cooperation and Development countries, while the country’s number of R&D personnel ranked first globally.
Breakthroughs have also emerged across key technological fields. Advancements were achieved in nuclear power, high-speed rail, and marine engineering equipment. In areas such as artificial intelligence, quantum technology, manned spaceflight, and deep-space exploration, China has delivered pioneering breakthroughs, setting multiple global milestones, Xiang noted.
China has also achieved notable progress in green development over the past five years, said He Jianwu with the Development Research Center of the State Council. Notably, renewable energy installation has historically surpassed that of thermal power, a landmark shift for a country long reliant on coal.
The new energy vehicle sector also stands out, He said, noting that by July last year, more than half of new passenger cars sold in China were new energy vehicles, highlighting the country’s green transition efforts.
Photo: A girl looks at a robot dog during the China International Big Data Industry Expo 2025 in Guiyang, southwest China’s Guizhou Province, Aug. 28, 2025. (Xinhua/Tao Liang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.