China
River Plate ၏ ဆယ်ကျော်သက် Cruz Meza ကို ဒေါ့မွန် မျက်စိကျနေ
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ဘိုရုရှားဒေါ့မွန်အသင်းသည် River Plate အသင်း၏ ခြေစွမ်းအလွန်ကောင်းသော ကွင်းလယ်ကစားသမား Juan Cruz Meza ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အာဂျင်တီးနားနိုင်ငံရှိ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဂျာမနီကလပ်အသင်း ဒေါ့မွန်က အသက် ၁၇ နှစ်အရွယ် ကစားသမား Cruz Meza ၏ မကြာသေးမီက ပွဲစဉ်များကို ကြည့်ရှုရန် သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၀ သန်း (အမေရိကန်ဒေါ်လာ ၃၄.၉ သန်းခန့်) ကို ပေးဖွယ်ရှိကြောင်း TyC Sports က အောက်တိုဘာ ၂၈ ရက်၌ ဖော်ပြခဲ့သည်။
ဒေါ့မွန်အသင်း၏ မန်နေဂျာ နီကို ကိုဗက်က ဆယ်ကျော်သက် ကစားသမား Cruz Meza ၏ စွမ်းဆောင်ရည်ပြည့်ဝမှုကို အထင်ကြီးခဲ့ပြီး ဗဟိုနှင့် တိုက်စစ် နှစ်မျိုးလုံးတွင် ကစားနိုင်စွမ်းရှိသည်ကို မြင်တွေ့ခဲ့ရကြောင်းလည်း ဖြည့်စွက်ဖော်ပြခဲ့သည်။
Cruz Meza သည် ပထမအသင်းတွင် ၎င်း၏ ပွဲဦးထွက်ကို ဇူလိုင်လက ကစားခဲ့ပြီးနောက်ပိုင်း River Plate အတွက် ပြိုင်ပွဲအားလုံးတွင် ရှစ်ပွဲ ကစားခဲ့သည်။
၎င်းသည် မတ်လတွင် အသက် ၁၈ နှစ်ပြည့်မည်ဖြစ်သောကြောင့် လက်ရှိဥရောပရာသီကုန်တွင် ပြည်ပသို့ ပြောင်းရွှေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Borussia Dortmund eyes River Plate teenager Cruz Meza
BUENOS AIRES, Oct. 28 (Xinhua) — Borussia Dortmund is interested in signing highly rated River Plate midfielder Juan Cruz Meza, according to media reports in Argentina.
The German club has sent scouts to watch the 17-year-old’s recent matches and could trigger his release clause of 30 million euros (about 34.9 million U.S. dollars), TyC Sports reported on Tuesday.
It added that Borussia Dortmund manager Niko Kovac had been impressed by the teenager’s versatility, viewing him as capable of operating in both central and attacking positions.
Cruz Meza has made eight appearances across all competitions for River Plate since making his first-team debut in July.
He will turn 18 in March, meaning he will be eligible to move abroad at the end of the current European season. ■
