China
“တရုတ်နိုင်ငံ၏ အခွင့်အလမ်း ၂.၀” ကို အမိအရဖမ်းဆုပ်၍ ဘုံကြွယ်ဝချမ်းသာမှုအား အတူဖန်တီးတည်ဆောက်ခြင်း
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံအနေဖြင့် လာမည့် ငါးနှစ်တာကာလအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးစားပေးသတ်မှတ်ချက်များနှင့် မူဝါဒလမ်းညွှန်ချက်များကို ချမှတ်ပြီးဖြစ်ရာ နိုင်ငံတကာမှ မိတ်ဖက်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဘုံဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည်ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ရင်းနှီးမြှုပ်နှံသူများ၊ လေ့လာဆန်းစစ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား တရုတ်နိုင်ငံ၏ အခွင့်အလမ်းများအကြောင်းကို ပိုမိုတွင်ကျယ်စွာ ပြောဆိုလာကြသည်။ စင်စစ်အားဖြင့် ဆန်းသစ်တီထွင်မှုနှင့် စားသုံးမှုအပေါ် ပိုမိုအလေးထားခြင်း အပါအဝင် အခြေခံအကြောင်းရင်းများ၏ မောင်းနှင်တွန်းအားပေးမှုဖြင့် အရှိန်အဟုန်မြင့်မားသော စီးပွားရေးတိုးတက်မှုမှ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အဓိကကျသော အရွေ့နှင့်အတူ တရုတ်နိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများမှာ ကြီးမားကျယ်ပြန့်နေဆဲ၊ စိတ်လှုပ်ရှားစရာကောင်းနေဆဲပင်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပိုမိုပွင့်လင်း၍ အားလုံးလက်ခံပါဝင်မှုရှိကာ နည်းပညာစွမ်းပကားဖြင့် ကမ္ဘာကြီး၏ အခြားနေရာဒေသများနှင့် စီးပွားရေးအရ အပြန်အလှန်ချိတ်ဆက်မှုကို အတိုချုံး ညွှန်းဆိုရာတွင် “တရုတ်နိုင်ငံ၏ အခွင့်အလမ်း ၂.၀” ဆိုသော စကားရပ်အား လိုက်ဖက်ညီစွာ အသုံးပြုခြင်းဖြစ်ကာ နှစ် ၄၀ ကျော်ကြာ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုအတွင်း တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးနှင့် တစ်သားတည်းပေါင်းစည်းခဲ့ပြီးနောက် ထိုစကားရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“တရုတ်နိုင်ငံ၏ အခွင့်အလမ်း ၂.၀” တွင် တရုတ်နိုင်ငံ၏ စက်မှုအသွင်ပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ အင်ပြည့်အားပြည့် ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ စွမ်းပကားတို့ သိသိသာသာ ပိုမိုတိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ ပိုမိုအဆင့်အတန်းမြင့်မားလာကာ နည်းပညာမြင့်မားလာပြီး သဘာဝပတ်ဝန်းကျင်နှင့်လည်း ပိုမိုသဟဇာတဖြစ်လာခဲ့သလို တန်ဖိုးကွင်းဆက်ကိုလည်း တည်တည်ငြိမ်ငြိမ် မြှင့်တင်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ နည်းပညာထုတ်ကုန် များစွာရှိသည့်အနက် ဥပမာအချို့အနေဖြင့် လျှပ်စစ်မော်တော်ယာဉ်၊ ဆိုလာပြားနှင့် လစ်သီယမ်ဘက်ထရီတို့မှာ တရုတ်နိုင်ငံ၏ အစိမ်းရောင်အသွင်ကူးပြောင်းမှုကိုသာမက ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကိုလည်း သိသိသာသာ အကျိုးပြုလျက်ရှိသည်။
လာမည့်ငါးနှစ်တာအတွင်း တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်သစ်နှင့် ကုန်ကြမ်းပစ္စည်းသစ် စသည့် အချက်အချာကျသော ထွန်းသစ်စလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် ကွမ်တမ်နည်းပညာ၊ လက်တွေ့အခြေအနေနှင့် အပြန်အလှန်ချိတ်ဆက် လုပ်ဆောင်နိုင်သည့် ဉာဏ်ရည်တုစနစ် (AI) နှင့် 6G မိုဘိုင်းဆက်သွယ်ရေး စသည့် စီးပွားရေးတိုးတက်မှု မောင်းနှင်အားသစ်များ ပိုမိုအားကောင်းစေရေးအတွက် ကြိုးပမ်းခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုအစီအမံများက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးပေးလိမ့်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်နိုင်စွမ်းမှာ တစ်မုဟုတ်ချင်း တိုးတက်မြင့်မားလာသည်ကို ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုအညွှန်းကိန်းက ပြသလျက်ရှိကာ တရုတ်နိုင်ငံမှာ ထိုအညွှန်းကိန်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒသမနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုက စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်းကို မောင်းနှင်တွန်းအားပေးသကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု ညွှန်မှတ်အသစ်များလည်း ပေါင်းစပ်ပါဝင်လျက်ရှိပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/70Z

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် A320 အမျိုးအစားလေယာဉ်အတွက် အဲဘတ်စ်ကုမ္ပဏီ၏ ဒုတိယမြောက် အချောသတ်တပ်ဆင်ရေးလိုင်း (FAL) အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ရာယုံပြည်နယ်ရှိ BYD ကုမ္ပဏီ စက်ရုံသစ်၏ တပ်ဆင်ရေးလိုင်းတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………
(English Version)
Xinhua Commentary: Embracing “China Opportunity 2.0” for shared prosperity
BEIJING, Nov. 7 (Xinhua) — China has set its development priorities and policy directions for the next five years, and the world’s second-largest economy will bring new opportunities for shared growth with global partners and investors.
In recent years, there has been increasing talk of Chinese opportunities among investors, analysts and entrepreneurs. Indeed, along with a pivotal shift from high-speed economic growth to high-quality development, driven by factors including more emphasis on innovation and consumption, business opportunities in China are still immense and exciting.
The term “China Opportunity 2.0” is aptly used to summarize China’s more open, inclusive, and tech-powered economic interaction with the rest of the world, which comes after its integration into the global economy over 40-plus years of reform and opening-up.
“China Opportunity 2.0” abounds in the country’s industrial transformation and upgrading. China has remained the world’s second-largest economy since 2010. With marked enhancements to its economic and technological strength, China’s manufacturing sector is becoming more high-end, intelligent and green, and steadily climbing up the value chain. Its electric vehicles, solar panels and lithium batteries — just a few examples of its many tech products — have contributed significantly not only to China’s green transition, but also to global efforts to tackle climate change.
Over the next five years, China will redouble its efforts to develop emerging pillar industries such as new energy and new materials, and work to foster new drivers of economic growth such as quantum technology, embodied artificial intelligence (AI) and 6G mobile communications. These initiatives will create investment opportunities.
The Global Innovation Index for 2025 has shown rapid expansion of China’s innovation capacity, ranking China in 10th place for the first time. Technological innovation drives industrial upgrading and embodies new growth points.
English Caption 1
Visitors view an extra support guidewire of Medtronic, which made its global debut during the 8th China International Import Expo (CIIE) in east China’s Shanghai, Nov. 6, 2025. (Xinhua/Fang Zhe)
English Caption 2
This photo shows Airbus’ second Final Assembly Line (FAL) for A320 family aircraft in Tianjin, north China, Oct. 22, 2025. (Xinhua/Sun Fanyue)
English Caption 3
Workers operate at an assembly line of BYD’s new plant in Rayong province, Thailand, July 4, 2024. (Xinhua/Sun Weitong)
