China
တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့က ဟွမ်ရန်သောင်နှင့်အနီးတစ်ဝိုက်ရေပိုင်နက်တွင် ကင်းလှည့်မှုများပြုလုပ်
ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ရေပိုင်နက်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်မှုများကို အောက်တိုဘာ ၃၁ ရက်က ပြုလုပ် ခဲ့သည်။
CCG ၏ ထုတ်ပြန်ချက်၌ အောက်တိုဘာလဆန်းပိုင်းမှစ၍ ဟွမ်ရန်သောင်ရေပိုင်နက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများကို CCG က တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းဒေသအတွင်း တရားမ၀င်ကျူးကျော်ဝင်ရောက်မှုနှင့် နှောင့်ယှက်မှုများတွင် ပါဝင်ပတ်သက်နေသည့် သင်္ဘောများနှင့် လေယာဉ်များကို ခြေရာခံခြင်း၊ သတိပေးခြင်း၊ ကြားဖြတ်ဟန့်တားခြင်း၊ မောင်းထုတ်ခြင်းများကိုလည်း CCG က ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ဆက်စပ်နေသည့်ရေပိုင်နက်ဧရိယာများအား ထိန်းချုပ်မှုနှင့်စီမံခန့်ခွဲမှုများ ပိုမိုအားကောင်းလာစေရန်၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အခိုင်အမာကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း CCG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
………………………
(English Version)
China Coast Guard patrols waters around Huangyan Dao
BEIJING, Oct. 31 (Xinhua) — The China Coast Guard (CCG) conducted law enforcement patrols in the territorial waters of China’s Huangyan Dao and surrounding areas on Friday.
In a statement, the CCG said it had intensified law enforcement patrols in the territorial waters of Huangyan Dao and surrounding areas since the beginning of this month.
The CCG carried out tracking, warning, intercepting and expelling operations against ships and aircraft engaged in illegal infringing and harassing activities in this region, in accordance with laws and regulations.
The operations aimed to strengthen the management and control of the related maritime areas and firmly safeguard China’s territorial sovereignty and maritime rights and interests, the CCG said. ■
Photo:
Philippine public vessel 3003 illegally intrudes into the waters near Tiexian Jiao in the South China Sea on Oct. 12, 2025. (CCG/Handout via Xinhua)
