Connect with us

China

၂၀၂၆ ခုနှစ် နှစ်ကုန်တွင် တရုတ်ဘာသာစကားအစီအစဉ်မှ ဆော်ဒီကျောင်းသား ၈၅,၀၀၀ ကျော် အကျိုးကျေးဇူးရရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်ရှိ Al Waleed bin Ubadah အလယ်တန်းကျောင်း၌ ကျောင်းသားများအား ပထမဆုံးတရုတ်သင်ခန်းစာ သင်ကြားပေးနေသည့် တရုတ်စာဆရာ Shi Xiao ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် တရုတ်ဘာသာစကားသင်ကြားရေးအစီအစဉ်မှ ကျောင်းသား ၈၅,၀၀၀ ကျော် အကျိုးကျေးဇူးရရှိမည်ဟု ယခုနောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ခန့်မှန်းထားသည်။
ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ဆော်ဒီအစိုးရကျောင်းများတွင် တရုတ်ဘာသာစကားသင်ကြားရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် ယင်းအစီအစဉ်မှ အကျိုးကျေးဇူးရရှိမည့် ဆော်ဒီကျောင်းသားအရေအတွက်အား ၈၅,၀၀၀ ကျော် ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြခဲ့သည်။

၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးကဏ္ဍ၌ အဓိကအောင်မြင်မှုများကို ပြန်လည်သုံးသပ်ခဲ့သည့် အဆိုပါအစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ကာလအထိ ဆော်ဒီအစိုးရပညာရေးကျောင်းများတွင် တရုတ်ဘာသာစကားသင်ယူနေသည့် ကျောင်းသားစုစုပေါင်း ၅၆,၀၀၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။
ဆော်ဒီဆရာ ၃၂၅ ဦးသည် တရုတ်ဘာသာစကားကို လေ့လာရန်နှင့် ဂုဏ်သိက္ခာရှိသော တရုတ်တက္ကသိုလ်များတွင် တရုတ်ဘာသာစကားပညာရေး မဟာဘွဲ့များ ရယူရန် ပညာသင်ဆုများ ရရှိမည်ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျနိုင်ငံသည် နိုင်ငံတစ်ဝန်းရှိ အလယ်တန်းကျောင်း ၁၀၀ ကျော်တွင် တရုတ်ဘာသာစကားသင်တန်းများကို မိတ်ဆက်ခဲ့ပြီး ယင်းနိုင်ငံ၌ တရုတ်ဘာသာစကားပညာရေးကို သိသိသာသာ မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Over 85,000 Saudi students to benefit from Chinese language program by 2026: Finance Ministry
RIYADH, Dec. 3 (Xinhua) — The Saudi Finance Ministry has expected over 85,000 students to benefit from the Chinese language teaching program by the end of 2026 in a latest report.
In the state budget statement for fiscal year 2026, released on Tuesday, the ministry said that the rollout of the Chinese language teaching program in Saudi public schools will continue, with the number of Saudi students benefiting from the initiative expected to exceed 85,000 by the end of 2026.
The report, reviewing main achievements in the education sector for fiscal year 2025, noted that as of the second quarter of 2025, the total number of students studying Chinese in Saudi public education schools had reached about 56,000.
The report also stated that 325 Saudi teachers will receive scholarships to study the Chinese language and pursue master’s degrees in Chinese language education in prestigious Chinese universities.
Since 2024, Saudi Arabia has introduced Chinese language courses in more than 100 public junior high schools nationwide, significantly advancing Chinese language education in the kingdom. ■
English Caption
Chinese teacher Shi Xiao teaches the first Chinese lesson to students at the Al Waleed bin Ubadah Middle School in Riyadh, Saudi Arabia, Sept. 5, 2024. (Xinhua/Wang Haizhou)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.