Connect with us

China

Airbus က တရုတ်နိုင်ငံ၏ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု အသုံးပြုမည်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်တစ်ခု တင်ဆောင်ထားသည့် ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

Airbus က Spacesail Constellation နည်းပညာကုမ္ပဏီ၏ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု အသုံးပြုရန် စီစဥ်နေကြောင်း developer ဖြစ်သည့် ရှန်ဟိုင်း Spacesail နည်းပညာကုမ္ပဏီလီမိတက်က ဒီဇင်ဘာ ၄ ရက် ကြေညာချက်အရ သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သည့် ဂြိုဟ်တုအင်တာနက်လုပ်ငန်းဆိုင်ရာ ဂေဟဗေဒအစည်းအဝေး တစ်ခုတွင် အဲယားဘတ်စ်က ရှန်ဟိုင်း Spacesail နည်းပညာကုမ္ပဏီလီမိတက်နှင့် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုတွင် စျေးကွက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Spacesail Constellation ကုမ္ပဏီက လေယာဥ်ပေါ်ရှိ မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ်မှတစ်ဆင့် မြန်နှုန်းမြင့်ပြီး ဒေတာပို့လွှတ်ရာတွင် နှောင့်နှေးမှုနည်းပါးသည့် ဘရော့ဘန်းဂြိုဟ်တုဝန်‌ဆောင်မှု ထောက်ပံ့မည်ဖြစ်ပြီး ခရီးသည်များအတွက်လေယာဥ်စီးနင်းနေစဥ် အတွေ့အကြုံ ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။

လေကြောင်းလိုင်းများ၏လိုအပ်ချက်များ ကိုက်ညီပြည့်စုံစေရန်နှင့် ဂြိုဟ်ပတ်လမ်းကြောင့်နိမ့် ဘရော့ဘန်းဆက်သွယ်ရေးနည်းပညာကိုအခြေခံ၍ အသိဉာဏ်ရည်ထည့်သွင်းထားသောဖွံ့ဖြိုးတိုးတက်မှုနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ဝန်ဆောင်မှုများ မြှင့်တင်နိုင်ရန် နှစ်ဖက်စလုံးက အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်ကြောင်းလည်းသိရသည်။
Spacesail သည် အနိမ့်ပိုင်းကမ္ဘာ့ဂြိုဟ်ပတ်လမ်း အစုတစ်ခုဖြစ်ပြီး ကြိမ်နှုန်းလှိုင်းအပြည့်ဖြင့် အလွှာများစွာ၊ ပတ်လမ်းများစွာဖြင့် ဒီဇိုင်းထုတ်ထားသည်။ ၂၀၂၄ ခုနှစ် သြဂုတ်တွင် ၎င်း၏ စီးပွားဖြစ်ကွန်ရက်တည်ဆောက်မှု စတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………..
(English Version)
Airbus to use China’s low orbit satellite internet service
SHANGHAI, Dec. 4 (Xinhua) — Airbus is set to use the Spacesail Constellation’s satellite internet service, according to its developer Shanghai Spacesail Technologies Co., Ltd. on Thursday.
At a satellite internet industry ecology conference in east China’s Shanghai on Thursday, Airbus signed a market cooperation agreement on the satellite internet service with Shanghai Spacesail Technologies Co., Ltd.
The Spacesail Constellation will provide high-speed, low-latency broadband satellite services via the high-speed connectivity system on aircraft, enhancing the in-flight experience for passengers.
The two parties will also work together to meet the needs of airlines, and promote the development of intelligent, personalized services based on low-orbit broadband communication technology.
Spacesail is a low-Earth orbit constellation with full frequency bands and a multiple-layer, multiple-orbit design. Its commercial network construction was launched officially in August 2024.
Photo: A modified Long March-6 carrier rocket carrying a new satellite group blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province on Oct. 17, 2025. (Photo by Wang Yapeng/Xinhua)