Connect with us

China

ပဏာမရလဒ်များအရ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုပုဂ္ဂိုလ်အသစ် ၂၆ ဦးကို ရွေးချယ်

တရုတ်နိုင်ငံတောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသရှိ မဲပေးရုံတစ်ရုံ၌ မဲပေးရန် တန်းစီနေသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မကာအို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ၈ ကြိမ်မြောက် ဥပဒေပြုလွှတ်တော်အတွက် တိုက်ရိုက်မဲပေးမှုနှင့် ကိုယ်စားလှယ်အဖွဲ့အစည်းမှ မဲပေးရွေးချယ်မှုများမှတစ်ဆင့် ဥပဒေပြုပုဂ္ဂိုလ် ၂၆ ဦးအား ပဏာမရွေးချယ်ခဲ့ကြောင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာ ၁၅ ရက် နံနက်အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲအတွက် မဲပေးမှုများအား စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကာအို ဥပဒေပြုလွှတ်တော်သစ်တွင် အမတ်နေရာ ၃၃ နေရာပါဝင်ပြီး အမတ်နေရာ ၁၄ ဦးကို တိုက်ရိုက်မဲပေးမှုဖြင့် ရွေးချယ်ကြောင်း၊ အမတ်နေရာ ၁၂ ဦးအား ကိုယ်စားလှယ်အဖွဲ့အစည်းမှတစ်ဆင့် တစ်ဆင့်ခံ ရွေးချယ်ကြောင်း၊ ကျန်ရှိသော အမတ်နေရာ ၇ ဦးကိုမူ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက ခန့်အပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ခန့်အပ်မှုကို အုပ်ချုပ်ရေးမှူးက နောက်ဆုံးမဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ၁၅ ရက်အတွင်း ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဥပဒေပြုလွှတ်တော်သည် SAR ၏ ဥပဒေပြုရေးအာဏာပိုင်အဖွဲ့ဖြစ်ကြောင်း၊ အဖွဲ့ဝင်များမှာ SAR တွင် အမြဲတမ်းနေထိုင်သူများဖြစ် ကြောင်း၊ ပထမသက်တမ်းအတွက် သီးခြားသတ်မှတ်ထားသည်မှလွဲ၍ တစ်ကြိမ်လျှင် လေးနှစ်သက်တမ်းရှိ သတ်မှတ်ထားကြောင်း သိရသည်။
မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသသည် ၎င်းတို့၏ ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ၂၀၂၄ ခုနှစ်အတွင်းက ပြင်ဆင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအား တရားမျှတ၊ သန့်ရှင်း၊ စနစ်ကျစွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဥ်အဆင့်ဆင့်အား သေချာစွာပြန်လည်သုံးသပ်ခဲ့ကြောင်း၊ “နိုင်ငံချစ်မြတ်နိုးသူ မကာအိုကို စီမံအုပ်ချုပ်ခြင်း” ဟူသော အခြေခံမူကို ဥပဒေမူဘောင်အတွင်း ပိုမို အကောင်အထည်ဖော်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းစစ်ဆေးမှုများကို ပြန်လည် သုံးသပ်ခြင်းလုပ်ငန်းစဉ်အား တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
26 elected as new legislators of Macao SAR: preliminary results
MACAO, Sept. 15 (Xinhua) — The Electoral Affairs Commission for the Legislative Assembly Election of the Macao Special Administrative Region (SAR) announced early Monday morning that 26 candidates were preliminarily elected to the eighth Legislative Assembly through direct and indirect elections.
Voting started at 9:00 a.m. and concluded at 9:00 p.m. Sunday local time.
The new legislature of the Macao SAR comprises 33 members, including 14 directly elected members, 12 indirectly elected members, and seven members appointed by the Macao SAR chief executive.
Those appointed will be designated by the chief executive within 15 days of receiving the final election results.
The Legislative Assembly of the Macao SAR is the region’s legislative body, and its members are permanent residents of the SAR. Except for the first term, which was stipulated otherwise, each term lasts four years.
In 2024, the Macao SAR amended its Legislative Assembly Election Law, improving the candidate qualification review process to further implement the principle of “patriots administering Macao” within the legal framework, while also refining stages of the election process to ensure that the election is conducted in a fair, just, clean, and orderly manner. ■
Photo:
People queue at a polling station in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)