China
နယူးဇီလန်တွင် ၁၁ ကြိမ်မြောက် နှစ်ပတ်လည် တရုတ်ဘာသာစကား သီတင်းပတ် ကျင်းပ

ဝယ်လင်တန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
နယူးဇီလန်နိုင်ငံက ၎င်း၏ ၁၁ ကြိမ်မြောက် တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ နှစ်ပတ်လည်ဂုဏ်ပြုပွဲအခမ်းအနားကို နိုင်ငံတစ်ဝန်း ယဉ်ကျေးမှုဆိုင်ရာ ရပ်ရွာအဆင့် အခမ်းအနားများနှင့်အတူ ယခုသီတင်းပတ်၌ ကျင်းပနေကြောင်း သိရသည်။
NZ Chinese Language Week Trust ၏ ဥက္ကဌ Jo Coughlan က ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုမှတစ်ဆင့် နယူးဇီလန်၏ ကမ္ဘာလုံးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ပံ့ပိုးရေး၊ လူမှုအသိုက်အဝန်းအတွင်း ကွဲပြားစုံလင်မှုကို မြှင့်တင်ရေးနှင့် တတ်မြောက်ကျွမ်းကျင်မှုများ မြှင့်တင်ရေးတို့တွင် အဆိုပါသီတင်းပတ်၏ အခန်းကဏ္ဍကို အလေးပေး၍ စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
“နယူးဇီလန်နိုင်ငံအနေနဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် ဘာသာစကားကျွမ်းကျင်မှုရှိဖို့ လိုပါတယ်” ဟု Coughlan က နယူးဇီလန်နိုင်ငံသားများအား တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုကို သင်ယူရန် တိုက်တွန်းလျက် ပြောကြားခဲ့သည်။
ဘာသာစကားသင်ယူခြင်းက စီးပွားရေးလုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက်လည်း အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် နယူးဇီလန် တရုတ်ဘာသာစကား သီတင်းပတ် (NZCLW) ကို စက်တင်ဘာ ၁ ရက်၌ စတင်ကျင်းပခဲ့ပြီး မြို့တော်ဝယ်လင်တန်ရှိ ပါလီမန်အဆောက်အအုံ၌ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် ဘာသာစကား စူပါစတားများ၊ လူငယ်သံတမန်များနှင့် တရုတ်ဘာသာစကား သင်ကြားခြင်းကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေသည့် ဆရာများကို ဂုဏ်ပြုခဲ့ကြောင်း NZCLW ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
နယူးဇီလန်နိုင်ငံတွင် တရုတ်ဘာသာစကား သင်ယူမှု မြင့်တက်လာစေရန် ရည်ရွယ်ထားသော နယူးဇီလန်ဇီလန်နိုင်ငံသားတို့ မောင်းနှင်သည့် ပဏာမခြေလှမ်းတစ်ရပ် ဖြစ်သော NZCLW က တရုတ်ဘာသာစကား လေ့လာနိုင်ရန် နယူးဇီလန်နိုင်ငံသားများအား ကူညီပေးသည့် ပျော်ရွှင်ဖွယ်ရာ လက်တွေ့ကျသော ပဏာမခြေလှမ်းများ အရောက်လှမ်းခြင်းဖြင့် တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် ဘာသာဗေဒ ဗဟုသုတ ကွာဟချက်ကို ပေါင်းကူးပေးရန် ကြိုးပမ်းနေကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ (Xinhua)
………………….
(English Version)
New Zealand marks 11th annual Chinese Language Week
WELLINGTON, Sept. 1 (Xinhua) — New Zealand marks its 11th annual celebration of Chinese language and culture this week with community cultural events across the country.
Jo Coughlan, chair of the NZ Chinese Language Week Trust, emphasized on Monday the week’s role in enhancing skills, fostering community diversity, and supporting New Zealand’s global engagement through language and cultural understanding.
“If New Zealand is to do well on the global stage, we need to have language skills,” Coughlan said, encouraging New Zealanders to learn the Chinese language and culture.
Language learning is also important for businesses and exporters, she added.
The New Zealand Chinese Language Week (NZCLW) 2025 started on Sunday, with an opening ceremony at Parliament in the capital Wellington, honoring language superstars, youth ambassadors, and teachers dedicated to Chinese language learning, according to a NZCLW release.
NZCLW, a Kiwi-driven initiative designed to increase Chinese language learning in New Zealand, seeks to bridge the cultural and linguistic knowledge gap between China and New Zealand by delivering fun and practical initiatives that assist Kiwis to learn Chinese, its website said. ■
English Caption
A tourist (R) takes selfies with staff members wearing traditional Chinese ethnic costumes during an event of New Zealand Children’s Chinese Cultural Festival in Auckland, New Zealand, March 16, 2025. (Photo by Wu Jiaxiang/Xinhua)