China
တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး တုန်ကျွင်းသည် အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ ထိပ်တန်းအဖွဲ့ဝင် Adam Smith ဦးဆောင်သော အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် ပေကျင်းတွင် စက်တင်ဘာ ၂၂ ရက်က တွေ့ဆုံခဲ့သည်။
အလည်အပတ်ရောက်ရှိလာသော အမေရိကန်လွှတ်တော် အဖွဲ့ဝင်များအား တုန်က အနှောင့်အယှက်ဖြစ်စေသော ကန့်သတ်ချက်များကိုဖယ်ရှားရန်နှင့် တရုတ်နှင့် အမေရိကန် တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးတွင် တက်တက်ကြွကြွပါဝင်ရန် အပြုသဘောဆောင်ပြီး လက်တွေ့ကျသည့်အစီအမံများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
တရုတ်တပ်မတော်သည် အမေရိကန်နိုင်ငံစစ်တပ်နှင့်အတူ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်မှု၊ တည်ငြိမ်ခြင်း၊ အပြုသဘောဆောင်ခြင်းတို့ဖြင့် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးရန် ဆန္ဒရှိကြောင်း တစ်ချိန်တည်းတွင် တရုတ်တပ်မတော်သည် နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ လုံခြုံရေးနှင့် ဖွံဖြိုးတိုးတက်ရေးအကျိုးစီးပွားများကို ပြတ်သားစွာ စောင့်ရှောက်ကာကွယ်သွားမည်ဖြစ်ကြောင်း တုန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး တုန်က နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အတားအဆီးမရှိသည့် စစ်ဘက်ဆက်သွယ်ရေးလမ်းကြောင်း သေချာစေရေးနှင့် တည်ငြိမ်ကောင်းမွန်၍ ကြာရှည်တည်တံ့သည့်ဆက်ဆံမှု တိုးတက်စေရေး လက်တွေ့ မြှင့်တင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။ (Xinhua)
………………….
(English Version)
Chinese defense minister meets with U.S. House of Representatives delegation
BEIJING, Sept. 22 (Xinhua) — Chinese Defense Minister Dong Jun met with a U.S. House of Representatives delegation led by Adam Smith, ranking member of the House Armed Services Committee, on Monday in Beijing.
Dong called on the visiting U.S. Congress members to remove disruptive and restrictive factors and take constructive and pragmatic steps to play an active role in improving relations between the Chinese and U.S. militaries.
The Chinese military is willing to work with the U.S. military to develop their relations featuring equality, mutual respect, peaceful coexistence, stability and positivity. Meanwhile, the Chinese military will resolutely safeguard China’s sovereignty, security and development interests, Dong said.
Dong also called on the two sides to ensure an unimpeded channel for military communication and take concrete measures to boost the stable, sound and sustainable development of relations between the two countries and their militaries.