China
လာမည့်အားလပ်ရက်များတွင်ပေကျင်းလေဆိပ်များ၌ ခရီးစဥ် ၃ သန်းနီးပါး ကိုင်တွယ်ဆောင်ရွက်ရန်ရှိ

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏အဓိကလေဆိပ်ကြီးနှစ်ခုဖြစ်သည့် ပေကျင်းမြို့တော်နိုင်ငံတကာလေဆိပ် နှင့်ပေကျင်း Daxing နိုင်ငံတကာလေဆိပ်တို့တွင် လာမည့် ဆောင်းဦးလယ်ပွဲတော်နှင့် အမျိုးသားနေ့အားလပ်ရက်များတွင် ခရီးသည် ခရီးစဥ် ၂.၉၈ သန်း ကိုင်တွယ်ဆောင်ရွက်ရမည်ဟု ခန့်မှန်းထားကြောင်း လေဆိပ်များ၏အဆိုအရ သိရသည်။
ယခုနှစ်၏အမျိုးသားနေ့အားလပ်ရက်များမှာ အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိဖြစ်ပြီး ဆောင်းဦးလယ်ပွဲတော်သည် အောက်တိုဘာ ၆ ရက်တွင်ကျရောက်သည်။ အဆိုပါကာလအတွင်း ခရီးသွားလာမှုများနှင့် မိသားစုပြန်လည်ဆုံစည်းမှုများ သိသိသာသာမြင့်တက်လေ့ရှိကြောင်း သိရသည်။
လူကြိုက်များသည့် ပြည်တွင်းခရီးစဥ်များတွင် ရှန်ဟိုင်း၊ ချိန်တူး၊ ကွမ်ကျိုးနှင့်ဆန်းရမြို့များ ပါဝင်ပြီး တိုကျို၊ အိုဆာကာ၊ လန်ဒန်နှင့်ဆိုးလ် မြို့များသည်လည်း နိုင်ငံတကာခရီးစဥ်အဖြစ် ထိပ်တန်းရွေးချယ်မှု ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြောင်း ပေကျင်းမြို့တော်နိုင်ငံတကာလေဆိပ်က ခန့်မှန်းထားသည်။
လေယာဥ်ခရီးစဥ်များနှင့် အငှားယာဥ်များနှင့် လွန်းပျံဘတ်စ်ကားများ ထိရောက်စွာအသုံးပြုသည့် မြို့တော်၏သယ်ယူပို့ဆောင်မှုအကြား ချောမွေ့စွာချိတ်ဆက်နိုင်ရန် အသေအချာဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေဆိပ်ဘက်မှ ပြောကြားခဲ့သည်။
ခရီးသွားလာမှုတစ်ဟုန်ထိုးမြင့်တက်လာမှုကို ဖြည့်ဆည်းပေးနိုင်ရန် လေကြောင်းလိုင်းများစွာကလည်း ခရီးသည်ပို့ဆောင်နိုင်စွမ်းတိုးမြှင့်ရန် စီစဥ်ထားသည်ဟု ကြေညာထားပြီး တရုတ်တောင်ပိုင်းလေကြောင်းလိုင်း သည် ပေကျင်းနိုင်ငံတကာလေဆိပ်မှ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ခရီးစဥ်အများအပြားအတွက် လေကြောင်းခရီးစဥ် ၁၅၀ နီးပါး ထပ်မံတိုးမြှင့်ပြေးဆွဲရန် စီစဥ်ထားကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Beijing airports to handle nearly 3 million trips during upcoming holidays
BEIJING, Sept. 28 (Xinhua) — Beijing Capital International Airport and Beijing Daxing International Airport, the Chinese capital’s two major airports, are expected to handle 2.98 million passenger trips during the upcoming Mid-Autumn Festival and National Day holidays, according to the airports.
This year’s National Day holiday runs from Oct. 1 to 8, while the Mid-Autumn Festival falls on Oct. 6. This period usually sees a surge in tourism and family reunions.
Popular domestic destinations will include Shanghai, Chengdu, Guangzhou and Sanya, while Tokyo, Osaka, London and Seoul are expected to be the top international picks, according to estimates from Beijing Capital International Airport.
The airport said it will ensure smooth connections between flights and city transport, with efficient use of taxis and shuttle buses.
Multiple airlines have announced plans to increase capacity to meet surging travel demand. For instance, China Southern Airlines is set to add nearly 150 flights between Beijing Daxing International Airport and various destinations across northwest China.
Photo : China Southern Airlines flight CZ309 bound for south China’s Hong Kong takes off at the Beijing Daxing International Airport in Beijing, capital of China, Jan. 17, 2023. (Xinhua/Ju Huanzong)