Connect with us

China

တရုတ်နိုင်ငံ ဒုတိယသမ္မတနှင့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Nikol Pashinyan တို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ဆုံစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan နှင့် စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့သည်။
Pashinyan သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိထားသော အရေးပါသည့်တူညီဆန္ဒများကို အကောင်အထည်ဖော်ရေး၊ နယ်ပယ်များစွာတွင် ဘက်စုံအဆင့်မြင့်ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး အဆင့်သစ်တစ်ရပ်သို့ စဉ်ဆက်မပြတ် မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ဟန်က ပြောကြားခဲ့သည်။
Pashinyan ကလည်း အာမေးနီးယားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (GGI) ကို ထောက်ခံ ကြောင်းနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး တည်ထောင်မှုကို အခွင့်အလမ်းတစ်ရပ်အဖြစ်မှတ်ယူကာ နှစ်နိုင်ငံ ပြည်သူများ ပိုမိုကောင်းမွန်သည့်အကျိုးရလဒ်များရရှိရန် တရုတ်နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Nikol Pashinyan တို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ဆုံစဥ် (ဆင်ဟွာ)

……………………….
(English Version)
Chinese vice president meets Armenian prime minister
BEIJING, Sept. 3 (Xinhua) — Chinese Vice President Han Zheng met with Armenian Prime Minister Nikol Pashinyan here on Wednesday.
Pashinyan is in China for the Shanghai Cooperation Organization Summit 2025, as well as commemorations marking the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
Han said that China is willing to make joint efforts with the Armenian side to implement the important consensus reached by the leaders of the two countries, comprehensively advance cooperation in various fields, and continuously push bilateral relations to a new level.
Pashinyan said that Armenia appreciates and supports the Global Governance Initiative, and is willing to take the establishment of a strategic partnership as an opportunity to strengthen practical cooperation with China to better benefit the two peoples.
Photo : Chinese Vice President Han Zheng meets with Armenian Prime Minister Nikol Pashinyan in Beijing, capital of China, Sept. 3, 2025. (Xinhua/Pang Xinglei)