China
ပေကျင်း၌ကျင်းပသော ကမ္ဘာ့တိုက်ကြီးများအလိုက် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် တရုတ်ပြေးခုန်ပစ်ကစားသမားများ ချန်ပီယံဆု ၄ ခု ဆွတ်ခူး

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်၊ ပေကျင်း၌ စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ကမ္ဘာ့တိုက်ကြီးများ အလိုက် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပွဲစဉ်အမျိုးအစားပေါင်း ၁၄ ခုအနက် ၄ ခုတွင် တရုတ် ပြေးခုန်ပစ်ကစားသမားများက အောင်ပွဲများရရှိခဲ့ကြပြီး တရုတ်လူငယ်ပါရမီရှင် Yan Ziyi က အမျိုးသမီး လှံတံပစ်ပွဲစဉ်တွင် ၆၄.၄၆ မီတာဖြင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသားတုတ်ထောက်ခုန်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ Zhong Tao က ၅.၇၅ မီတာခုန်ပြီး ၎င်း၏ ကစားသမားဘ၀တစ်လျှောက် အကောင်းဆုံးစံချိန်ဖြင့် ဗိုလ်စွဲခဲ့ကြောင်း၊ အမျိုးသား အမြင့်ခုန်ပွဲစဉ်တွင်လည်း တရုတ်နိုင်ငံမှ Li Jialun က ယခုရာသီ ၎င်း၏အကောင်းဆုံးစံချိန်အဖြစ် ၂.၂၀ မီတာခုန်ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် တိုကျို၌ကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်မည့် အသက် ၂၃ နှစ်အရွယ်ရှိ Zhong က ” ပြိုင်ပွဲကာလအတွင်း အရှိန်အဟုန်ကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော် ရင့်ကျက်လာပါပြီ။ မကြာခင်ကျင်းပတော့မယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အဲဒီ အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။
အမျိုးသမီး လှံတံပစ်ပွဲစဉ်တွင် Yan Ziyi က ၆၄.၄၆ မီတာပစ်ပြီး ချန်ပီယံသရဖူဆောင်းနိုင်ခဲ့သလို အမျိုးသမီး မီတာ ၃,၀၀၀ အပြေးပြိုင်ပွဲတွင်လည်း တရုတ်အပြေးမယ် Liang Tiantian က ၎င်း၏ အပြေးမယ်ဘဝ အကောင်းဆုံးစံချိန် ၈ မိနစ် ၅၇.၆၅ စက္ကန့် ပြေးကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
အသက် ၁၇ နှစ်အရွယ်သာရှိသေးသော Yan က “ကျွန်မကတော့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လာဖို့သာ ဆန္ဒရှိပါတယ်။ ကျွန်မရဲ့ နောက်ထပ်ပစ်မှတ်ကတော့ ၆၆ မီတာထက် ကျော်လွန်ပစ်နိုင်ဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၇ ရက်ကကျင်းပခဲ့သည့် အမျိုးသမီးသံလုံးပစ်ပွဲစဉ်တွင် ၂၀၂၄ ခုနှစ်ကမ္ဘာ့ရုံတွင်း ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့သည့် ကနေဒါနိုင်ငံသူ ဆာရာမစ်တန်က ၁၉.၈၁ မီတာပစ်ပြီး အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆွီဒင်နိုင်ငံမှ ဖန်နီရူးစ်က ၁၉.၃၅ မီတာဖြင့် ဒုတိယ၊ တရုတ်နိုင်ငံမှ Zhang Linru က ၁၉.၀၅ မီတာဖြင့် တတိယအသီးသီးရရှိခဲ့သည်။
အသက် ၂၉ နှစ်အရွယ်ရှိ မစ်တန်က “ကျွန်မရဲ့ ပစ်ချက်တွေက တော်တော်လေးကောင်းပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ပစ်အားမရှိသေးဘူးလို့ထင်ပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ အချိန်အနည်းငယ် ပိုယူပြီး လေ့ကျင့်မှု ပိုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
အမျိုးသား မီတာ ၁၀၀ တာတိုပြေးပွဲတွင် အိုမန်နိုင်ငံမှ တာတိုအပြေးသမား အလီအယ်ဘာလူရှီက ၎င်း၏ အပြေးသမားဘဝအကောင်းဆုံးစံချိန် ၁၀.၀၉ စက္ကန့်ပြေးနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ဘရန်ဒန်ဟစ်ကလင်ကို ၀.၀၃ စက္ကန့်ဖြင့် နှာတစ်ဖျားအသာရကာ ဗိုလ်စွဲခဲ့သည်။ ကနေဒါ တာတို အပြေးသမား အင်ဒရီဒီဂရက်ဆီက စံချိန် ၁၀.၀၆ စက္ကန့်ဖြင့် တတိယရခဲ့သည်။
တရုတ်နိုင်ငံမှ ဝါရင့်တာတိုအပြေးသမား Xie Zhenye မှာမူ ယခုရာသီအတွက် ၎င်း၏ အကောင်းဆုံးစံချိန်အဖြစ် ၁၀.၂၁ စက္ကန့်ပြေးနိုင်ခဲ့သော်လည်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ Xie မှာ တိုကျို ကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် တရုတ်နိုင်ငံမှ ပြေးခုန်ပစ် ကစားသမား ၇၃ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Chinese athletes win four titles at World Athletics Continental Tour in Beijing
BEIJING, Sept. 7 (Xinhua) — Chinese athletes claimed four victories out of 14 events at the 2025 World Athletics Continental Tour in Beijing here on Sunday, with youth talent Yan Ziyi claiming the women’s javelin with 64.46 meters.
Zhong Tao created a personal best of 5.75 meters to win the pole vault title, while Li Jialun registered a seasonal best of 2.20 meters to clinch victory in the men’s high jump.
“I was getting maturer to control the pace during the competition. I tried to keep the momentum for the upcoming World Championships,” said Zhong, 23, who will compete in the World Athletics Championships in Tokyo later this month.
Yan was crowned in the women’s javelin with 64.46 meters, and China’s Liang Tiantian had a personal best of 8:57.65 to win the women’s 3,000m race.
Yan, 17, said, “I just want to make progress step by step, and my next goal is to break the 66-meter mark.”
In the women’s shot put, Sarah Mitton, who won the women’s shot put title at the 2024 World Athletics Indoor Championships, seized victory on Sunday with 19.81 meters. Sweden’s Fanny Roos ranked second with 19.35 meters, followed by China’s Zhang Linru with 19.05 meters.
“The shots were looking really good, but they just didn’t have enough power. I am hoping with some more training and a little bit more time before the World Championships,” said Mitton, 29.
Oman’s Ali Al-Balushi ran a personal best of 10.09 seconds to win the men’s 100m, 0.03 seconds ahead of Brandon Hicklin of the United States, with Andre De Grasse of Canada finishing third in 10.16 seconds.
China’s veteran Xie Zhenye ran a season-best 10.21 seconds to finish fourth. He is among the 73 Chinese athletes set to compete at the Tokyo Worlds. ■
Photo:
Zhong Tao of China competes during the Men’s Pole Vault event at 2025 World Athletics Continental Tour in Beijing, China, on Sept. 7, 2025. (Xinhua/Ju Huanzong)