China
တရုတ်ကားကုမ္ပဏီက ဗြိတိန်နိုင်ငံတွင် ဥရောပရုံးချုပ် တည်ထောင်မည်
လန်ဒန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကားကုမ္ပဏီ Chery Commercial Vehicle (CCV) က ၎င်း၏ပထမဆုံးဥရောပရုံးချုပ်ကို ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် တည်ထောင်မည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ဇန်နဝါရီ ၂၉ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်က လီဗာပူးလ်မြို့ဒေသ၏ အဆင့်မြင့်ကုန်ထုတ်လုပ်မှုအခြေခံနှင့် လျှပ်စစ်နှင့် စွမ်းအင်သစ်မော်တော်ယာဉ်ကဏ္ဍ အားကောင်းစေရန် မျှော်မှန်းထားခြင်းဖြစ်ကြောင်း အာဏာပိုင်များ၏အဆိုအရ သိရသည်။
အဆိုပါရုံးချုပ်အနေဖြင့် သုတေသန၊ အင်ဂျင်နီယာလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းခြုံထားသည့် CCV ၏ ဥရောပ လုပ်ငန်းလည်ပတ်မှုများအတွက် ဗဟိုဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီဗာပူးလ်မြို့တော်ကောင်စီမှ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါစီမံကိန်းက အင်ဂျင်နီယာလုပ်ငန်း၊ ဆော့ဖ်ဝဲတီထွင်ဖန်တီးမှု၊ သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းလည်ပတ်မှုအခန်းကဏ္ဍများတွင် တန်ဖိုးမြင့်အလုပ်အကိုင်များ ဖန်တီးပေးရန် မျှော်မှန်းထားကြောင်း ၎င်းကြေညာချက်၌ ဖြည့်စွက်ဖော်ပြခဲ့သည်။
ထိုစီမံကိန်းက ဒေသတွင်းသုတေသနအဖွဲ့အစည်းများ၊ ဆန်းသစ်တီထွင်မှုစင်တာများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်တွင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များကိုလည်း ဖွင့်လှစ်ပေးမည်ဟု ကြေညာချက်၌ ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့ရှိ လီဗာပူးလ်ဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Chinese automotive firm to set up European headquarters in UK
LONDON, Jan. 29 (Xinhua) — Chinese company Chery Commercial Vehicle (CCV) will establish its first European headquarters in the British city of Liverpool, local authorities said on Thursday.
The move is expected to strengthen the city region’s advanced manufacturing base as well as the electric and new-energy vehicle sector, according to the authorities.
The headquarters will serve as the central hub for CCV’s European operations, covering research, engineering, innovation and commercial development, said a statement released by Liverpool City Council.
The project is expected to create high-value jobs across engineering, software development, research and development, and operational roles, it added.
It will also enhance collaboration with local research institutions and innovation centers, while opening up new opportunities for local suppliers in the manufacturing supply chain, the statement noted. ■
English Caption 1
Visitors look at a Chinese Chery Tiggo 8 car during the 22nd Bucharest Auto Show & Accessories in Bucharest, Romania, Oct. 7, 2025. (Photo by Cristian Cristel/Xinhua)
English Caption 2
This aerial photo taken on Feb. 17, 2023 shows the Port of Liverpool, in Liverpool, Britain. (Photo by David Rawcliffe/Xinhua)
