Connect with us

China

တရုတ်စားပွဲတင်တင်းနစ်မောင်မယ်များက ဆက်တိုက်နိုင်ပွဲများဖြင့် ဒိုဟာ WTT ချန်ပီယံပြိုင်ပွဲကို စတင်

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ဒိုဟာ WTT ချန်ပီယံပြိုင်ပွဲ၌ ပြင်သစ်နိုင်ငံ၏ Flavien Coton နှင့် အမျိုးသားတစ်ဦးချင်း ၃၂ ပွဲအဆင့်အတွင်း ဘောလုံးစပေးနေသည့် တရုတ်အားကစားသမား လျင်ရှီးတုန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လျင်ရှီးတုန်း၊ ဝမ်ရိသီနှင့် ခွိုင်မန့်တို့သုံးဦးစလုံးက ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံပြိုင်ပွဲ၏ ဖွင့်ပွဲနေ့ (ဇန်နဝါရီ ၇ ရက်) တွင် အားကောင်းစွာ စတင်ရန် ပြိုင်ပွဲများအားလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲမစတင်မီတွင် အမျိုးသားတစ်ဦးချင်း ကမ္ဘာ့နံပါတ် ၁ ဝမ်ချူချင်းနှင့် အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့နံပါတ် ၁ စွန်းရင်ဆားတို့က ၂၀၂၆ ခုနှစ် ပထမဆုံး WTT ပြိုင်ပွဲဖြစ်သည့် အဆိုပါပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိပ်တန်းအဆင့်ရှိ လျင်က အသက် ၁၇ နှစ်အရွယ် ပြင်သစ်နိုင်ငံသား Flavien Coton ကို ရမှတ် ၁၁-၃၊ ၁၂-၁၀၊ ၁၁-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားတစ်ဦးချင်း ၁၆ သင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ “ဒီနှစ် ပထမဆုံးပွဲစဉ်မှာ တရုတ်အသင်းရဲ့ မြင့်မားတဲ့ စိတ်ဓာတ်ကို ပြသနိုင်ဖို့ နိုင်ပွဲ ရလိုပါတယ်” ဟု လျင်က ပြောကြားခဲ့သည်။

အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်တွင် ဝမ် က တရုတ်ထိုင်ပေမှ ကျိန့်ရီကျင့်ကို ရမှတ် ၁၂-၁၀၊ ၁၂-၁၀၊ ၁၁-၈ ဖြင့် အနိုင်ရခဲ့ပြီး ခွိုင် က ရိုမေးနီးယားနိုင်ငံမှ ဝါရင့်ကစားသမား အဲလစ်ဇဘက်တာ ဆာမာရာကို ရမှတ် ၁၁-၉၊ ၁၁-၅၊ ၁၁-၈ ဖြင့် အနိုင်ယူခဲ့သည်။

အခြားပွဲစဉ်များတွင် ဂျပန်နိုင်ငံမှ မီယူ နာဂါဆာကီက ၎င်း၏ တစ်နယ်တည်းသား မီမာ အီတိုကို ရမှတ် ၁၁-၆၊ ၁၁-၆၊ ၁၁-၃ ဖြင့် အံ့အားသင့်စေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ဂျန်ဝူဂျင်းက ပြင်သစ်နိုင်ငံမှ Alexis Lebrun ကို ရမှတ် ၁၃-၁၁၊ ၁၁-၅၊ ၁၄-၁၆၊ ၆-၁၁၊ ၁၁-၆ ဖြင့် အနိုင်ရရှိခဲ့သည်။
ဇန်နဝါရီ ၈ ရက်၌ တရုတ်နိုင်ငံမှ ဝမ်မန့်ယွိ၊ ချန်ရှင့်ထုန်၊ ချန်ရိ၊ လျန်ကျင့်ခွန်း၊ ရှန့်ဖုန်၊ ကျိုးချီဟောင်၊ ချန်ယွမ်ယွီတို့က တစ်ဦးချင်း ပထမအဆင့်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ဒိုဟာ WTT ချန်ပီယံပြိုင်ပွဲ၌ တရုတ်ထိုင်ပေ၏ ကျိန့်ရီကျင့်နှင့် အမျိုးသမီးတစ်ဦးချင်း ၃၂ ပွဲအဆင့်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် တရုတ်နိုင်ငံ၏ ဝမ်ရိသီကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Chinese paddlers start WTT Champions Doha with straight-games wins
DOHA, Jan. 8 (Xinhua) — China’s Lin Shidong, Wang Yidi and Kuai Man all claimed victories in straight games to start strongly on the opening day of the World Table Tennis (WTT) Champions here on Wednesday.
Before the competition began, men’s singles world No. 1 Wang Chuqin and women’s singles world No. 1 Sun Yingsha elected to withdraw from the first WTT tournament in 2026.
Top seed Lin beat 17-year-old Frenchman Flavien Coton 11-3, 12-10, 11-2 to reach the men’s singles round of 16. “In the first match this year, I want to seize the win to show the high morale of Team China,” said Lin.
In the women’s singles first round, Wang handled pressure to defeat Chinese Taipei’s Cheng I-Ching 12-10, 12-10, 11-8, while Kuai beat Romania’s veteran Elizabeta Samara 11-9, 11-5, 11-8.
In other matches, Japan’s Miyu Nagasaki shocked her compatriot Mima Ito 11-6, 11-6, 11-3, while South Korea’s Jang Woo-jin upset Alexis Lebrun 13-11, 11-5, 14-16, 6-11, 11-6.
On Thursday, China’s Wang Manyu, Chen Xingtong, Chen Yi, Liang Jingkun, Xiang Peng, Zhou Qihao, Chen Yuanyu will compete in the singles first round. ■
English Caption 1
Lin Shidong of China serves during the men’s singles round of 32 match against Flavien Coton of France at the WTT Champions Doha 2026 in Doha, Qatar, on Jan. 7, 2026. (Photo by Nikku/Xinhua)
English Caption 2
Wang Yidi of China hits a return during the women’s singles round of 32 match against Cheng I-Ching of Chinese Taipei at the WTT Champions Doha 2026. (Photo by Nikku/Xinhua)