China
ကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက Singapore Smash ပြိုင်ပွဲတွင် တရုတ်ကစားသမားများကို နောက်ဆုံး ၁၆ ဦးအဆင့်သို့ ဦးဆောင်
စင်ကာပူ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်း ၃၂ ဦးအဆင့်၌ ကျန်ရှိသောပွဲစဉ်များကို ဖေဖော်ဝါရီ ၂၅ ရက်၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ တရုတ်နိုင်ငံ၏ စားပွဲတင်တင်းနစ်ကစားသမားများက ၎င်းတို့၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ယင်းတရုတ်ကစားသမားအဖွဲ့ ဆက်လက်တက်လှမ်းရန် ကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက ဦးဆောင်လျက်ရှိကြောင်း သိရသည်။
အမျိုးသားတစ်ဦးချင်းယှဉ်ပြိုင်မှုတွင် ချန်ယွမ်ယွီက ပိုလန်နိုင်ငံမှ မီလော့ဇ် ရက်ဒ်ဇင်မ်စကီကို ၃-၁ ရလဒ်ဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်ဆက်ခဲ့ကာ ရှန့်ဖုန်က တရုတ်ကစားသမားများချည်းပါဝင်သည့် ကစားပွဲတွင် ဟွမ်ယိုကျိန့်ကို ၃-၀ ရလဒ်ဖြင့် အနိုင်ရခဲ့သည်။
အမျိုးသမီးတစ်ဦးချင်းယှဉ်ပြိုင်မှုတွင် စွန်းက ရိုမေးနီးယားနိုင်ငံမှ အဲလစ်ဇဘက်တာကို ၃-၁ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး စီရွှင့်ရောင်ကလည်း အမေရိကန်နိုင်ငံမှ လီလီကျန်းကို ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကာ ၁၆ ဦးအဆင့်၌ စွန်းနှင့် စီတို့ ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဝမ်ရိသီကမူ ဟောင်ကောင်မှ သုခိုင်ချင် ကို ၃-၁ ရလဒ်ဖြင့် အနိုင်ရရှိကာ ခွိုင်မန့်ကလည်း အလားတူရမှတ်ဖြင့်ပင် ဝေးလ်မှ အန်နာဟာစီကို အနိုင်ရရှိခဲ့သည်။
အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၌မူ လျင်ရှီးတုန့်နှင့် ဟွမ်တို့က ဂျာမနီနိုင်ငံမှ ဘန်နီနစ်ဒူဒါနှင့် ဒန်းချိုတို့ကို ၃-၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ အမျိုးသမီးနှစ်ယောက်တွဲတွင် ခွိုင်နှင့် ချန်ရိတို့ကလည်း တောင်ကိုရီးယားနိုင်ငံမှ ကင်နာယောင်းနှင့် ယူဟန်နာတို့ကို ၃-၁ ရလဒ်ဖြင့် အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ကျားမနှစ်ယောက်တွဲယှဉ်ပြိုင်မှု၌ ဟွမ်နှင့် ချန်ရိတို့က ဟောင်ကောင်မှ ချန်ဘောလ်ဒွင်နှင့် တောင်ကိုရီးယားမှ ကင်တို့ကို ၀-၃ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်နေရာနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။ (Xinhua)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ရိုမေးနီးယားနိုင်ငံမှ အဲလစ်ဇဘက်တာ ဆာမာရာတို့၏ အမျိုးသမီးတစ်ဦးချင်း ၃၂ ဦးအဆင့် ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် တရုတ်နိုင်ငံမှ စွန်းရင်ဆားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ရိုမေးနီးယားနိုင်ငံမှ အဲလစ်ဇဘက်တာ ဆာမာရာတို့၏ အမျိုးသမီးတစ်ဦးချင်း ၃၂ ဦးအဆင့် ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် တရုတ်နိုင်ငံမှ စွန်းရင်ဆားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………..
(English Version)
World No.1 Sun Yingsha leads Chinese players into last 16 in Singapore Smash
SINGAPORE, Feb. 25 (Xinhua) — China’s paddlers maintained their momentum at the 2026 WTT Singapore Smash as the event continued with the remaining round-of-32 singles matches on Wednesday, with world No.1 Sun Yingsha leading a group of Chinese players advancing.
In the men’s singles, Chen Yuanyu beat Poland’s Milosz Redzimski 3-1 to advance, while Xiang Peng won an all-Chinese match against Huang Youzheng 3-0.
In the women’s draw, Sun defeated Romania’s Elizabeta Samara 3-1, while Shi Xunyao won 3-0 against Lily Zhang of the United States, setting up a round-of-16 meeting between the two. Wang Yidi beat Doo Hoi Kem of Hong Kong, China 3-1, and Kuai Man won by the same score against Wales’ Anna Hursey.
In the men’s doubles, Lin Shidong and Huang beat Germany’s Benedikt Duda and Dang Qiu 3-2. In the women’s doubles, Kuai and Chen Yi reached the semifinals with a 3-1 win over South Korea’s Kim Na-yeong and Ryu Han-na. In mixed doubles, Huang and Chen Yi lost 0-3 to Chan Baldwin of Hong Kong, China and Kim of South Korea, missing out on a semifinal place. ■
English Caption 1, 2, 3
Sun Yingsha of China hits a return during the women’s singles round of 32 match between Sun Yingsha of China and Elizabeta Samara of Romania at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 25, 2026. (Photo by Then Chih Wey/Xinhua)
English Caption 4, 5
Elizabeta Samara of Romania hits a return during the women’s singles round of 32 match between Sun Yingsha of China and Elizabeta Samara of Romania at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 25, 2026. (Photo by Then Chih Wey/Xinhua)
